သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်ပစ်လွှတ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယားကြေညာ


နောက်ဆုံးစမ်းသပ်ခဲ့တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်မှုဟာ အောင်မြင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြားခဲ့ပါတယ်။ လေယာဉ်ပစ် ပဲ့ထိန်းတပ် လက်နက်စနစ်သစ်ကို အောင်အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းဌာနက တနင်္လာနေ့က ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့တခေါက်စမ်းသပ်စဉ် ရှိခဲ့တဲ့ချွတ်ယွင်းချက်ကို ပြင်ဆင်နိုင်ခဲ့ပြီဖြစ်လို့ ဒီစနစ်ကို မြောက်ကိုရီးယားနိုင်ငံတလွှား အမြောက်အများ တပ်ဆင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားအစိုးရအနေနဲ့ Nuclear အစီအစဉ်ကို စွန့်လွှတ်ဖို့ စက်မှုအင်အားကြိး ၇ နိုင်ငံရဲ့ G-7 ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပြီး ရက်ပိုင်းအကြာ တနင်္လာနေ့ အစောပိုင်းက ဒုံးကျည်စမ်းသပ်ခဲ့တာပါ။ ဒုံးကျည်ပျံတက်ပြီး ၆ မိနစ်အကြာမှာ ဂျပန်အထူးစီးပွားရေးဇုံသတ်မှတ်ထားတဲ့ ဂျပန်ပင်လယ်ထဲကို ကျခဲ့တယ်လို့ အမေရိကန်စစ်တပ်ရဲ့ Pacific ကွပ်ကဲရေးဌာနက ပြောပါတယ်။ ဒီအပေါ် အရေးယူတုံ့ပြန်မယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကအခိုင်အမာပြောကြားခဲ့ပါတယ်။ တိတိကျကျ အရေးယူနိုင်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဂျပန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နောက်ထပ် ပဲ့ထိန်းဒုံးကို ပစ်လွှတ်ပြီး အိမ်နီးချင်း တရုတ်ကို မလေးမခန့်လုပ်ပြခဲ့တယ်လို့ အမေရိကန်သမ္မတ Donald Trump က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG