သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရာရှိနှစ်ဦးကို ကန် ဒဏ်ခတ်စာရင်းထဲ ထပ်တိုး


Ri Pyong Chol, မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နှင့် Kim Jong Sik (ညာထောင့်စွန်း )
Ri Pyong Chol, မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နှင့် Kim Jong Sik (ညာထောင့်စွန်း )

မြောက်ကိုရီးယား အစိုးရရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ အစိုးရ အရာရှိ နှစ်ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဥပဒေနဲ့ မညီတဲ့ လက်နက် အစီအစဉ်တွေမှာ Kim Jong Sik နဲ့ Ri Pyong Chol တို့ နှစ်ဦးက အဓိက ကျတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူးကလီးယား အပြည့်အ၀ ကင်းရှင်းရေးနဲ့ မြောက်ကိုရီးယားကို အထီးကျန် ဖြစ်ရေး အစွမ်းကုန် ဖိအားပေး ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်ရဲ့ ခေါင်းဆောင်တွေကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ပစ်မှတ်ထား ဆောင်ရွက်တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား ဘက်က တင်သွင်းနိုင်မယ့် ဓာတ်ဆီနဲ့ ဒီဇယ် ပမာဏကို ကန့်သတ်ပြီး မြောက်ကိုရီးယား နိုင်ငံကို၊ ဒါမှမဟုတ်လည်း မြောက်ကိုရီးယား နိုင်ငံ အပြင်ကို တားမြစ်ကုန်စည်တွေ သယ်ယူတယ်လို့ သံသယ ရှိတဲ့ သဘောၤတွေကို ကြပ်မတ် စစ်ဆေးဖို့ ဆုံးဖြတ်ချက်ကိုတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ သောကြာနေ့က တညီတညွတ်တည်း အတည်ပြုခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်မှု တခုလုပ်ပြီးတိုင်း အမေရိကန် ပြည်ထောင်စုဘက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုကို တိုးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအရာရှိနှစ်ဦးကို ကန် ဒဏ်ခတ်စာရင်းထဲ ထပ်တိုး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG