သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံပေါင်းစည်းရေး တောင်ကိုရီးယားကို မြောက်ကိုရီးယား အိတ်ဖွင့်ပေးစာပို့


မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un။
မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un။
မြောက်ကိုရီးယားအစိုးရအနေနဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်
သင့်မြတ်ပြီး ပေါင်းစည်းတဲ့ အနေအထားဖြစ်လာအောင် ဖန်တီးဖို့အတွက် ဆုံးဖြတ်ထားတယ်ဆိုတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးကော်မရှင်က တောင်ကိုရီးယား တာဝန်ရှိသူတွေကို ပေးလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် KCNA ကိုရီးယားဗဟိုသတင်း သတင်းအေဂျင်စီက ဒီစာကို သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်မှုတွေကို လုံး၀ ရပ်တန့်ဖို့၊ ကွဲကွာနေတဲ့ မိသားစုတွေပေါင်းစည်းဖို့ အတွက် ကိစ္စ အကောင်အထည်ဖော်ဖို့ နဲ့ တောင်နဲ့ မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ဖလှယ်မှုတွေအများအပြား ပြန်ပြီး အားကောင်းလာအောင် လုပ်သွားဖို့လည်း ပြောထားပါတယ်။

ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲပြုလုပ်ဖို့ရှိနေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန့်ဖို့ ဒီစာထဲမှာ တောင်းဆိုထားပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဒါဟာ ကိုယ့်ဘာသာကိုယ်ကာကွယ်ဖို့ ဖြစ်တယ်ဆိုပြိး ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့ တောင်ကိုရီးယားအစိုးရကို တိုက်တွန်းတဲ့အဆိုပြုချက်တွေ အများအပြားကို မြောက်ကိုရီးယားအမျိုးသားကာကွယ်ရေးကော်မရှင်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပေးပို့ခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရဘက်ကတော့ဒါဟာ ဝါဒဖြန့်ချီဖို့အတွက်လုပ်နေတာဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။
XS
SM
MD
LG