သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကန်နိုင်ငံသားကို မြောက်ကိုရီးယား ထောင်ဒဏ် အမိန့်ချ


အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုရီးယားနွယ်ဖွား Kim Dong Chul ကို ရုံးထုတ်လာစဉ်။ (ဧပြီ ၂၉၊ ၂၀၁၆)

မြောက်ကိုရီးယားအစိုးရက ဖမ်းဆီးထားတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား တဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေ ကို သူ ခိုးယူခဲ့ပါတယ်လို့ ၀န်ခံခဲ့တဲ့ အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုရီးယားနွယ်ဖွား Kim Dong Chul ကို ဒီကနေ့မှာပဲ မြောက်ကိုရီးယား တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

မြောက်ကိုရီးယားအစိုးရရဲ့ ၀ါဒဖြန့် နဖူးစည်း စာတမ်းတခုကို သူ ခိုးယူခဲ့ပါတယ်လို့ အမေရိကန်ကျောင်းသား Otto Warmbier က ၀န်ခံခဲ့ပြီး သီတင်းတပတ်အကြာမှာ Chul ရဲ့ ၀န်ခံချက် ထွက်လာတာပါ။

Otto Warmbier ကတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ လေ့လာစောင့်ကြည့်သူတွေကတော့ သူတို့နှစ်ဦးစလုံးဟာ အတင်းအဓမ္မ ဝန်ခံခိုင်းတာခံ ခဲ့ရတာဖြစ်နိုင်တယ် လို့ ပြောကြပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို အံတုတဲ့ အနေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေနဲ့ တာဝေးပစ်ရော့ကတ် ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ မြင့်မားနေချိန်မှာပဲ အခုလို အမေရိကန်နိုင်ငံသားနှစ်ဦး ကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG