သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုးရီးယား စစ်သင်္ဘောနစ်မြုပ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ


နယူးယောက်ခ်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံး
နယူးယောက်ခ်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံး

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ တောင်ကိုရီးယား စစ်သင်္ဘော တိုက်ခိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရှုတ်ချလိုက်တာကို မြောက်ကိုရီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက်က စစ်သင်္ဘော တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပေမဲ့ မြောက်ကိုရီးယား နိုင်ငံအပေါ် တိုက်ရိုက် အပြစ်တင်တာတွေတော့ ဖော်ပြထားခြင်းမရှိပါဘူး။ လုံခြုံရေး ကောင်စီရဲ့ ကြေညာချက်ဟာ သူတို့အတွက် သံတမန်ရေးရာ မဟာအောင်ပွဲ ဖြစ်တယ်လို့ မြောက်ကိုရီးယား သံအမတ်ကြီး ဆင်ဆန်ဟို (Sin SonHo) က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းက အပြစ်ပေး အရေးယူမယ်ဆိုရင် စစ်ရေးအရ တန်ပြန် အရေးယူ ဆောင်ရွက်မယ်လို့ မြောက်ကိုရီးယားက အရင်က ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ မှာ တညီတညွတ်တည်း ထောက်ခံခဲ့ကြတဲ့ လုံခြုံရေးကောင်စီ ကြေညာချက် ထဲမှာတော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရာက တွေ့ရှိခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ရတက်မအေး ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးချက်မှာ မြောက်ကိုရီးယား တော်ပီဒိုကြောင့် တောင်ကိုရီးယား သင်္ဘော နစ်မြုပ်ခဲ့ရတာ ဖြစ်တယ်လို့ ကောက်ချက်ဆွဲ ထားခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ စေ့စပ်ခဲ့ရာမှာ ကြေညာချက်က တိုက်ခိုက်မှုအတွက် ဘယ်တိုင်းပြည်ကိုမှ အပြစ်မဆိုဘဲ ချန်ထားခဲ့ရတာ ဖြစ်ပါတယ်။
သင်္ဘောသား ၄၆ ယောက် သေဆုံးခဲ့ရတဲ့ ချိုနန် သင်္ဘော မတ်လ ၂၆ ရက်နေ့က နစ်မြုပ်ခဲ့မှုအတွက် တာဝန်မရှိတဲ့အကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့တာကိုလဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက လေလုံးထွားထွားနဲ့ ပြောဆိုနေတာတွေကို သူ့အနေနဲ့ မတုံ့ပြန်ချင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mark Toner က ပြောပါတယ်။ ကုလသမဂ္ဂ ကျေညာချက်ကို ကျေနပ်ကြောင်း သူက ပြောပါတယ်။ ဒီကျေညာချက်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရည်မှန်းထားတဲ့အတိုင်း ထိရောက်မှု ရှိတယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG