သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို တိုက်ခိုက်မယ့် မြောက်ကိုရီးယားရဲ့ သရုပ်ပြဗွီဒီယို


အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော်အဆောက်အဦးကို တိုက်ခိုက်တာ ပါဝင်တဲ့ သရုပ်ပြဗွီဒီယိုကို မြောက်ကိုရီးယားက အင်္ဂါနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အမေရိကန်လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ပြသသလို၊ သမ္မတ အိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာစနစ်သုံးပြီး ချိန်ရွယ်ထားပုံကိုလည်း ပြသထား ပါတယ်။

ကုလသမဂ္ဂ က မြောက်ကိုရီးယားကို သူ့ရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုအသစ် ချမှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားစစ် ဆင်နွှဲမယ်လို့ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ လက်တွဲပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တဲ့ တောင်ကိုရီးယားနိုင်ငံကိုလည်း တိုက်ခိုက်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါ တယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာလို့ မြင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်တဲ့အနေနဲ့
နျူကလီးယား ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ B-52 ဗုံးကျဲယာဉ်တွေကို တောင်ကိုရီးယားမှာ ပျံသန်းပြသခဲ့တာမို့ အခြေအနေတွေဟာ ပိုပြီး တင်းမာလာနေပါတယ်။

ဒီလအစောပိုင်းမှာတုန်းကတော့ ၁၉၅၃ ခုနှစ်ကတည်းက တောင်ကိုရီးယားနဲ့ ချုပ်ဆိုခဲ့တဲ့ စစ်ပြေငြိမ်းရေးစာချုပ်ကို သူ့ဘက်က ဖျက်ပစ်မယ်လို့ မြောက်ကိုရီးယားဘက်က ကြေညာ ခဲ့ပါတယ်။
XS
SM
MD
LG