တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ အမေရိကန်က လုံခြုံရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုက်တာက မြောက်ကိုရီးယားနိုင်ငံအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်ပြီး၊ မြောက်ကိုရီးယားရဲ့နျူးကလီးယား လက်နက်စီမံကိန်းကိုလည်း တိုးချဲ့သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ အရင်ကလည်း အလာတူးခြိမ်းခြောက်မှုတွေ လုပ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့လည်း အခုနောက်ဆုံး ပြောဆိုချက်အရ အရင်ကလို အမေရိကန်သမ္မတ Donald Trump နဲ့ သံတမန်ရေး ဆက်ဆံမှုတွေ လတ်တလော ပြန်လုပ်မယ့် အလားအလာ မရှိတာကို ပြသရာရောက်နေပါတယ်။
အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ လုံခြံရေးပူး ပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်က တွန်းအားပေးနေတာဟာ ဒေသတွင်းမှာ နေတိုးလိုမျိုး စစ်မဟာမိတ်အဖွဲ့ဖို့လုပ်တာ ဖြစ်တယ်လို့ စနေနေ့က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း ၇၇ နှစ် ပြည့်အခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင်က ပြောလိုက်တာပါ။
ဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးချိန်ခွင်လျှာ မညီမျှမှုတွေ ဖြစ်လာအောင် လုပ်ရာရောက်သလို၊ မြောက်ကိုရီးယားနိုင်ငံအတွက် လုံခြုံရေးအရ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ပြောပါတယ်။
Forum