သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ မြောက်ကိုရီးယား ဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ


FILE PHOTO: North Korean leader Kim Jong Un meets Russia's President Vladimir Putin (September 13, 2023)
FILE PHOTO: North Korean leader Kim Jong Un meets Russia's President Vladimir Putin (September 13, 2023)

ရုရှားနဲ့ မဟာဗျုဟာ၊ နည်းဗျုဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာနေတဲ့ ၂ နိုင်ငံကြား ညီညွှတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ရုရှားသမ္မတ အလည်အပတ်လာနိုင်ခြေ ရှိတယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မော်စကိုမြို့တော်မှာ တွေ့ဆုံချိန်မှာ ပြုံယမ်းကိုလာဖို့ ဆန္ဒရှိကြောင်း ရုရှားသမ္မတ Vladimir Putin က ထပ်လောင်း ပြောဆိုခဲ့တယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

နျူကလီးယားအရေးကြောင့် အမေရိကန်အပြင် အိမ်နီးချင်း တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတွေနဲ့ တင်းမာမှုတွေ ပေါ်ပေါက်နေရာက သံတမန်ရေးအရ အထီးကျန်ဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားဟာ မကြာသေးခင်ကစလို့ ရုရှားနဲ့ ဆက်ဆံရေးတွေ သိသိသာသာ တိုးမြှင့်လာတာ ဖြစ်ပါတယ်။

Hypersonic ဒုံးကျည်ထိပ်ဖူး တပ်ဆင်နိုင်တဲ့ လောင်စာခဲသုံး တာလတ်ပစ်မစ်ဇိုင်းဒုံးအဖြစ် မြောက်ကိုရီးယားက ပြောဆိုထားတဲ့ ဒုံးလက်နက်သစ် မကြာသေးခင်က စမ်းသပ်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူတဲ့အပေါ်မှာလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ဒီကနေ့ သီးခြားကြေညာချက် ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချထားပါတယ်။

XS
SM
MD
LG