သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် တင်းမာမှုလျှော့ရေး ဆွီဒင်ကြိုးပမ်း


မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုလျှော့ချဖို့ ကူညီရေး ကြိုးစားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Olof Skoog ကပြောပါတယ်။ ဝန်ကြီး Ri Yong Ho ရဲ့ ဆွီဒင်ခရီးစဉ်အပေါ် အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး ထိပ်သီးစည်းဝေးပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ခရီး အဖြစ် တချို့လေ့လာသူတွေက မြင်ကြပါတယ်။

ကိုရီးယားကျွန်းဆွယ်က လုံခြုံရေးအခြေအနေဟာ ကမ္ဘာ့ကိစ္စရပ်တွေထဲမှာ အခုလက်ရှိ အရေးအကြီးဆုံးကိစ္စတခုဖြစ်ပါတယ်၊ အဲဒီမှာ တင်းမာမှုလျှော့ချဖို့ ဆွီဒင်က ကူညီလုပ်ဆောင်နိုင်မလားဆိုတာ အခု ကျနော်တို့ ကြိုးစားနေတာပါပဲလို့ သံအမတ်ကြီး Skoog က သတင်းထောက်တွေကို ဂျီနီဗာမှာပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven တို့ သောကြာနေ့က စတော့ခ်ဟုမ်းမြို့မှာ ခနတွေ့ကြပါ တယ်။ ဒါပေမဲ့ သံအမတ်ကြီး Skoog ကရော၊ ဝန်ကြီးချုပ် Lofven ရဲ့ပြောခွင့်ရသူကရော အဲဒီတွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးတယ် ဆိုတာ မပြောပါဘူး။

စတော့ခ်ဟုမ်းမြို့က ဆွေးနွေးပွဲတွေဟာ အဲဒီလိုအစည်းအဝေးမျိုးအတွက် ဝန်းကျင်ကောင်းတခုကို ကူညီဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရကြောင်း သံအမတ်ကြီး Skoog ကပြောပေမဲ့ ထိပ်သီးစည်းဝေးပွဲကို ဆွီဒင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမှာလား လို့မေးတာကိုတော့ မဖြေပါဘူး။ စတော့ခ်ဟုမ်းက ဆွေးနွေးပွဲတွေကို သောကြာနေ့က အဆုံးသတ်ဖို့ အရင်က စီစဉ်ထားတာ ဖြစ်ပေမဲ့ စနေနေ့မှာ ပြန်စဖို့ရှိတယ်လို့ အဲဒီအခြေအနေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ် တင်းမာမှုလျှော့ရေး ဆွီဒင်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG