သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွှတ်


မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံး။
မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံး။

မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည် ၃ စင်း စမ်းသပ် ပစ်လွှတ်ခဲ့တာ တွေ့ရတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ရော့ကက်တွေဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်း ရိုးတန်းကနေ ကြာသပတေးနေ့က ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပင်လယ်ပြင်ထဲကို မိုင် ၁၂၀ အကွာလောက် ကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ အခုထိ တစုံတရာ ထုတ်ဖေါ် မပြောဆိုသေးပါဘူး။ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစား ကို ထုတ်ဖေါ် မပြောဆိုတဲ့ အပြင် လက်နက် အသစ် စမ်းသပ်မှု လုပ်မလုပ်ကိုပါ တစုံတရာထုတ် မပြောသေး ပါဘူး။ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ဒီနှစ် အစောပိုင်းကစပြီး ဒုံးကျည်တွေ လက်နက်ကြီးတွေ ပစ်ခတ်စမ်းသပ်မှုကို အကြိမ်များစွာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယား ဘက်က တာလတ်ပစ် ဒုံးကျည်အပါအဝင် ဒုံးကျည်အမျိုးမျိုးကို ပစ်ခတ်ခဲ့တာပါ။

ကြာသပတေးနေ့ စမ်းသပ်ပစ်ခတ်မှုဟာ ကုလသမဂ္ဂရဲ့ တားမြစ်မှုကို ဆန့်ကျင်ပြီး စတုတ္တုအကြိမ်မြောက် မြေအောက် နျူကလီယား လက်နက် စမ်းသပ်မှုတွေ အတွက် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ အများက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG