သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားကို တိုက်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်


တောင်ကိုရီးယားကို တိုက်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်
တောင်ကိုရီးယားကို တိုက်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်

တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းရဲ့ မိသားစု ဓာတ်ပုံတွေကို သေနတ်ပစ် လေ့ကျင့်တဲ့ နေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် အဲဒီလို လုပ်ဆောင်ချက်အပေါ် စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက သောကြာနေ့မှာ သတိပေး ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား ပြည်သူ့စစ်တပ်နဲ့ လယ်သမား တပ်နီတော် အနေနဲ့ အဲဒီ သစ္စာဖောက်အုပ်စုကို တချက်တည်းနဲ့ အပြုတ် သုတ်သင်နိုင်တဲ့ စစ်ဆင်ရေး ပြုလုပ်မယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာမှာ ရေးသား ဖော်ပြထားတာပါ။

ဘယ်နေရာကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ဖော်ပြမထားပေမဲ့လည်း အဲဒီလို လုပ်ဆောင်ချက်အတွက် တောင်ကိုရီးယားနိုင်ငံ အနေနဲ့ တောင်းပန်ရုံတင် မကဘဲ စက်ဆုပ် ရွံရှာဖွယ် ကောင်းပြီးတော့ ရန်လိုတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တဲ့ အဲဒီတပ်ခွဲကို အပြစ်ပေး အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) နဲ့ သူ့ရဲ့အစိုးရကို မြောက်ကိုရီးယားက သစ္စာဖောက်တွေလို့ ရံဖန် ရံခါ ရည်ညွှန်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ သမ္မတ အီက အရင်သမ္မတ ၂ ယောက်ထက်စာရင် မြောက်ကိုရီးယားအပေါ် ပိုမိုတင်းမာတဲ့ ဆက်ဆံရေး မူဝါဒ ကျင့်သုံးနေတာဖြစ်ပြီး မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းပါမယ်လို့ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်တို့က မြောက်ကိုရီးယား အမျက်ဒေါသ ထွက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ရင် မြောက်ကိုရီးယားက အခုလို ရန်လိုတဲ့ စကားလုံးတွေ သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုတခေါက် ခြိမ်းခြောက်မှုဟာ နှစ်ဘက် ဆက်ဆံရေးတွေ တင်းမာနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတာပါ။

XS
SM
MD
LG