သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ပိုင်းကို ချေမှုန်းဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည်
မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည်
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ သူရဲ့ မဟာမိတ်နိုင်ငံတွေက ကုလသမဂ္ဂကို မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ဖို့ ဆက်ပြီး ဖိအားပေး နေမယ်ဆိုရင် အပြီးသတ် ချေမှုန်းမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား က ခြိမ်းခြောက်လိုက်ပါတယ်။

ဂျနီဗာ မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လက်နက် ဖျက်သိမ်းရေး ညီလာခံမှာ မြောက်ကိုရီးယား သံတမန် (Jon Yong Ryong) က တောင်ကိုရီးယားနိုင်ငံကို အခုလို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

Jon ရဲ့ပြောဆိုချက်ကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ရှုံ့ချလိုက်ပါတယ်။

အမေရိကန် သံအမတ် (Laura Kennedy) က မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ ရန်စမှု တခု ဖြစ်ပြီး လက်ခံဖွယ်ရာ မရှိဘူးလို့ အဲဒီ ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်းက မြောက်ကိုရီးယားရဲ့ နျူကလီးယားဗုံး စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်ပြီး မြောက်ပိုင်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပါ ထိခိုက်နိုင်တယ် လို့ တောင်ကိုရီးယား အစိုးရ က သတိပေးထားခဲ့ပါတယ်။

အဲ့ဒီ စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့အင်အား အပြင်းဆုံး စမ်းသပ်မှုလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG