သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံး၀ လက်မခံနိုင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-Se တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (၂ ဧပြီ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-Se တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (၂ ဧပြီ ၂၀၁၃)
မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာ ရှိပြီး၊ အန္တရာယ်လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဗြောင်စီ (Yun Byung-se) နဲ့ ဝါရှင်တန်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်လင်းပွဲမှာ မစ္စတာ ကယ်ရီ က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိအကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အပြည့်အ၀ ပြင်ဆင်ပြီးသား ဖြစ်သလို၊ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ မြောက်ကိုရီးယားကလည်း ဒါကို သိပြီးဖြစ်တယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်တွေ ထပ်ပြီး ထုတ်လုပ်ဖို့နဲ့
နိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ရပ်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို အမြန်ဆုံး ပြန်လည်ပတ်မယ်လို့ ပြောသွားပြီး နာရီပိုင်းအကြာမှာပဲ အခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယား အစိုးရက ယူရေနီယံ သတ္တုသန့်စင်တဲ့ စက်ရုံနဲ့ လက်နက် ထုတ်လုပ် ရာမှာ အသုံးပြုလို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်တဲ့ ၅ မီဂါဝပ်အား ရှိတဲ့ ဓာတ်ပေါင်းဖို ကို အရင်စ လည်ပတ်မယ်လို့ ပြောပါတယ်။
XS
SM
MD
LG