သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု မြောက်ကိုရီယား ကြေညာ


ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်လို့ မြောက်ကိုရီးယား ရုပ်သံဌာန ကြေညာ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်လို့ မြောက်ကိုရီးယား ရုပ်သံဌာန ကြေညာ။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတခုကို ဒီကနေ့ အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်လို့ မြောက်ကိုရီးယားက ကြေညာတာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အပြင်းအထန် ပြစ်တင် ရှုတ်ချကြပါတယ်။

အခုစမ်းသပ်မှုဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ဖို့ရာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးနဲ့ဆိုင်တဲ့ စမ်းသပ်မှု တခုဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံဌာနရဲ့ ကြေညာချက်မှာ ပြောထားပြီး အမေရိကန်ပြည်ထောင်စုကို အပြင်း အထန် ဝေဖန်တာတွေကိုလည်း ထည့်ပြောသွားပါတယ်။

ဟိုက်ဒရိုဂျင်ဗုံးတလုံး လုပ်ထားပြီးပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကပြောအပြီး တလတောင်မရှိတဲ့ အချိန်မှာ အခုစမ်းသပ်မှုကို လုပ်တာပါ။ အဲဒီအချိန်က Kim Jong Un ရဲ့ပြောဆိုချက်ဟာ မခိုင်မာဘူးဆိုပြီး အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက ချက်ခြင်းပဲ ပယ်ချထားတာပါ။

သာမိုနျူကလီးယားဗုံးလို့လည်းခေါ်တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ နျူကလီးယားဗုံးထက် အများကြီးပိုပြီးအားပြင်းပါတယ်။

မြောက်ကိုရီးုယားဟာ ၂၀၀၆၊ ၂၀၀၉ နဲ့ ၂၀၁၃ ခုနှစ်တွေတုန်းက နျူကလီးယားစမ်းသပ်မှု သုံးကြိမ် လုပ်ထားဖူးပါတယ်။ အဲဒီ စမ်းသပ်မှုအားလုံးကို Punggye-ri စမ်းသပ်ကွင်းမှာ လုပ်ခဲ့တာပါ။

လူကြောင့်ဖြစ်တဲ့ ငလျင်လှုပ်ခတ်မှုမျိုး အဲဒီဒေသမှာ ဒီကနေ့ မနက် ဖြစ်ခဲ့တာကို ငလျင် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တော်များများက စမ်းသပ် သိရှိခဲ့ပါတယ်။

XS
SM
MD
LG