သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား nuclear အရေး အမေရိကန်တုံ့ပြန်


မြောက်ကိုရီးယား nuclear အရေး အမေရိကန်တုံ့ပြန်

မြောက်ကိုရီးယားနိုင်ငံက ၅ ကြိမ်မြောက် nuclear စမ်းသပ်မှုပြုလုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တာဝေးပစ်ဒုံးကျဉ်တွေ ပစ်လွှတ်နိုင်တဲ့ အမေရိကန် ဗုံးကျဲလေယာဉ် ၂ စင်းဟာ အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ Guam ကျွန်းကနေ တောင်ကိုရီးယားနိုင်ငံကို ပျံသန်းခဲ့ပါတယ်။

အမေရိကန် B1 ဗုံးကျဲလေယာဉ်တွေဟာ မြောက်ကိုရီးယားနဲ့ စစ်မဲ့ဇုံသတ်မှတ်ထားတဲ့နယ်မြေရဲ့ နယ်စပ်နားက တောင်ကိုရီးယား Osan လေတပ်အခြေစိုက်စခန်းပေါ်မှာ နိမ့်နိမ့်လေးကပ်ပြီး ပျံသန်းခဲ့ပါတယ်။ ဒီအတောအတွင်းမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေဟာ မြောက်ကိုရီးယားရဲ့ nuclear စမ်းသပ်မှုနဲ့ ပတ်သတ်လို့ Seoul မြို့တော်မှာ တွေ့ဆုံကြပြီး Kim Jong Un အစိုးရ အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်လုပ်ဆာင်ဖို့ သူတို့ ၂ နိုင်ငံ ပူးတွဲကြိုးပမ်းမယ်ဆိုတာ အလေးပေးပြောကြားသွားပါတယ်။

မြောက်ကိုရီးယားကတော့ မတ်လကပြုလုပ်ခဲ့တဲ့ သူရဲ့ ၄ ကြိမ်မြောက်nuclear စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ပြုလုပ်တာကို ထီမထင်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ မြောက်ကိုရီးယားက သူ့ရဲ့ nuclear လက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုကို ပိုတိုးလုပ်ဆောင်ခဲ့ပြီး ဒုံးကျဉ်းစမ်းသပ်မှု အခု ၂၀ လုပ်ခဲ့သလို အရင်သီတင်းပတ်ကလည်း ထုံးစံမရှိပဲ တနှစ်အတွင်း nuclear စမ်းသပ်မှု ဒုတိယအကြိမ်အဖြစ် လုပ်ခဲ့ပါတယ်။

စီးပွားရေးအထောက်အပံ့ ၊ လုံခြုံရေးနဲ့ ပိုပြီးကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက nuclear လက်နက်ထုတ်လုပ်ရေးအစီအစဉ်ကို ရပ်တံ့မယ်လို့ တောင်ကိုရီးယား ဂျပန် တရုတ် Russia အမေရိကန်ပြည်ထောင်စုတို့နဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ၂၀၀၅ ခုနှစ်က သဘောတူခဲ့တာပါ။ ဒါပေမယ့် မြောက်ကိုရီးယားက သူ့ကတိကို မထိမ်းသိမ်းပဲ အဲဒီနောက်ပိုင်းနှစ်တွေမှာ nuclear စမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား nuclear အရေး အမေရိကန်တုံ့ပြန်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG