သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့အမေရိကန် ဆွေးနွေးပွဲ တိုးတက်မှုရှိ


မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးပွဲကို ဦးဆောင် တက်ရောက်နေသည့် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Stephen Bosworth (အောက်တိုဘာလ ၂၄၊ ၂၀၁၁)

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲ ပထမဆုံးရက်မှာ တိုးတက်မှုတချို့ ရှိခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆွေးနွေးပွဲတွေက ကောင်းတဲ့ဘက်ကို ဦးတည်နေပါတယ်လို့ စတီဖင်န် ဘော့စ်ဝေါ့သ် (Stephen Bosworth) က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောကြားသွားတာပါ။

နှစ်ဖက်ကြား တချို့ကွဲလွဲမှုတွေ ရှိနေတာကို နည်းသွားအောင်လုပ်ခဲ့နိုင်ကြတယ်၊ ဒါပေမဲ့ ကွဲလွဲမှုတွေ ညှိနှိုင်းဖို့တော့ ကျန်သေးတယ်လို့ သူက ဆိုပါတယ်။ ၂ ရက်တာ ဆွေးနွေးပွဲတွေအတွင်း အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး သူတို့နှစ်နိုင်ငံကြားမှာရော တခြားနိုင်ငံတွေနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်အောင် အခြေကောင်းတည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့ မစ္စတာ ဘော့စ်ဝေါ့သ်က ပြောပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုနိုင်ငံခြားရေးဝန်ကြီး ကင်မ် ကေ-ကွမ်းန် (Kim Kye-kwan) က ဦးဆောင်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေကို
ကြိုတင် ကန့်သတ်ချက်တွေမပါဘဲ မြန်မြန် ပြန်စတင်ဖို့လိုတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) က အရင်တပတ်ကပဲ ပြောသွားခဲ့တာပါ။

တချိန်တည်းမှာပဲ တရုတ်ဒုဝန်ကြီးချုပ် လီကီကျဲန် (Li Kequiang) ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် နဲ့ တနင်္လာနေ့ကပဲ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီး နျူကလီးယားအရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်စတင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အခုလို တရုတ်က မြောက်ကိုရီးယားကို သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။

XS
SM
MD
LG