သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးလက်နက် ၅ နှစ်အတွင်း အမေရိကန်ကို အန္တရာယ်ပြုနိုင်


မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးလက်နက် ၅ နှစ်အတွင်း အမေရိကန်ကို အန္တရာယ်ပြုနိုင်
မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးလက်နက် ၅ နှစ်အတွင်း အမေရိကန်ကို အန္တရာယ်ပြုနိုင်

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းသုံး မစ်ဆိုင်း ဒုံးကျည်တွေက အမေရိကန်ပြည်ထောင်စုထိ ရောက်အောင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ ဖြစ်နိုင်တယ်လို့ သူယုံကြည်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောလိုက်ပါတယ်။

တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ တရုတ်ပြည်မြို့တော် ဘေဂျင်းမှာ မနေ့တုန်းက တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က အခုလို သူ့ရဲ့ ခန့်မှန်းချက်ကို ထုတ်ဖော် ပြောဆိုခဲ့တာပါ။

အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ ရန်ကို ကာကွယ်ဖို့ အစီအစဉ်တွေ ရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ ၂ ဦး ပြောဆိုခဲ့ကြပါတယ်။

တရုတ်ရဲ့ ပစ်မှတ်ကို မလွဲအောင် တိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်ရေး ဂျက်လေယာဉ်အသစ်တွေ စမ်းသပ် ပျံသန်းမှုတွေ လုပ်ခဲ့ကြတယ်ဆိုပြီး သတင်းတွေ မီဒီယာမှာ ထွက်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကာကွယ်ရေးဝန်ကြီး ဂိတ်စ်နဲ့ တရုတ်သမ္မတ ဟူဂျင်းတောင်တို့ ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG