သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ကန် အရေးယူမှု တိုးချဲ့


မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း။

မြောက်ကိုရီးယားရဲ့ လက်နက်ခဲယမ်းဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ အချိတ်အဆက်ရှိတဲ့ လူပုဂ္ဂိုလ်ခြောက်ဦးနဲ့ အဖွဲ့အစည်း အများအပြားကို အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာငွေကြေးဆိုင်ရာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဒဏ်ခတ်အရေးယူတဲ့ထဲမှာ လက်နက်အရောင်းအဝယ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲထားတဲ့ မြောက်ကိုရီးယား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ ဘဏ်နှစ်ခုနဲ့ သင်္ဘောလိုင်းကုမ္ပဏီသုံးခု ပါတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာပါ တယ်။

စာရင်းထဲမှာပါတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်တာတွေမှာ မပတ်သက်ဖို့ အခုလို ဒဏ်ခတ် အရေးယူမှုမျိုး ကနေ အမေရိကန်နိုင်ငံသားတွေကို ပိတ်ပင်တားမြစ်ပါတယ်။

ဦးတည်ချက်ထား အရေးယူတဲ့ အဖွဲ့အစည်းတခုကတော့ ကိုရီးယား သတ္တုတွင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုကုန်သွယ်ရေးဆိုင်ရာ ကော်ပို ရေးရှင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာလက်ခွဲ Tanchon ကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်ပါတယ်။

ဒီဘဏ်ဟာ မြောက်ကိုရီးယားက လက်နက်ခဲယမ်းတွေ တင်ပို့တဲ့ကိစ္စ လုပ်ပေးနေတာပါ။ ဘဏ်ကိုယ်စားလှယ် ခြောက်ယောက်လည်း ဒဏ်ခတ် အရေးယူခံရတဲ့ စာရင်းထဲမှာ ပါပါတယ်။ အဲဒီထဲကနှစ်ယောက်ဟာ ဆီးရီးယားမှာရောက်နေပြီး နှစ်ယောက်ကတော့ ဗီယက်နမ်မှာပါ။

မြောက်ကိုရီးယားရဲ့ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ဟာ ဒိနှစ်အတွင်း ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု အတော်များများ လုပ်ခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ဒဏ်ခတ်အရေးယူလိုက်တဲ့ သင်္ဘောကုမ္ပဏီ ၃ ခုဟာ လက်နက်ခဲယမ်းတွေကို သယ်ပို့ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG