သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပိတ်ဆို့မှုရုပ်ဖို့ မြောက်ကိုရီးယား ဖိအားပေး


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို မရုတ်သိမ်းဘူးဆိုလျှင်၊ သူတို့ရဲ့ နျူးကလီးယား လက်နက်တွေ အားကောင်းလာအောင်လုပ်နိုင်ဖွယ်ရှိတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာတော့ ၊ တကယ်လို့ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေကို မရုတ်သိမ်းဘူးဆိုလျှင်၊ မြောက်ကိုရီးယားအနေနဲ့လည်း သူတို့ရဲ့ နျူးကလီးယားအင်အား နဲ့ စီးပွားရေးဖွံ့ဖြိုးမှု တပြိုင်နက်တည်းတိုးတက်လာစေမယ့် ပြုံဂျင်းမူဝါဒကို ပြန်အသုံးပြုလာနိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာက ပြောပါတယ်။

ဒါပေမဲ့လည်း အမေရိကန်နဲ့ အခုလက်ရှိလုပ်နေတဲ့ နျူးကလီးယားဆွေးနွေးမှုကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အထိတော့မရောက်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ၂ ဘက်ဆက်ဆံရေး တိုးတက်လာမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ သဟဇာတမဖြစ်ဘဲ သက်သက်စီဖြစ်နေတယ်လို့ သူတို့ရဲ့ကြေငြာချက်ထဲမှာ ပြောထားပါတယ်။ အမေရိကန်အစိုးရဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ အမေရိကန်သမ္မတထရမ့်တို့ စင်ကာပူမှာ လုပ်ခဲ့တဲ့ သမိုင်းဝင်တွေ့ဆုံမှု အတွင်း ကတိပြုထားတာတွေကနေ လမ်းလွဲအောင်လုပ်နေတယ်လို့ မြောက်ကိုရီးယားဘက်က စွပ်စွဲပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့ပြီး၊ အဲဒီတွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင်က သူ့ရဲ့ နျူးကလီးယားဖျက်သိမ်းရေးရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ Fox သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဝန်ကြီးပွန်ပီယိုက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို အတည်ပြုဖို့က အရေးကြီးဆုံးကိစ္စဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ သူ့အနေနဲ့ ရှေ့သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဝန်ကြီး ပွန်ပီယိုက ပြောပေမဲ့ ဘယ်နေ့ ဘယ်နေရာမှာတွေ့မယ်ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG