သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားလက်နက်အရေး ထိပ်သီးစည်းဝေးအတွက် စိုင်းပြင်းနေ


မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်အစီအစဉ်တွေအဆုံးသတ်နိုင်ရေးရည်ရွယ်တဲ့တောင် နဲ့ မြောက်ကိုရီးယား ၂နိုင်ငံထိပ်သီးဆွေးနွေးပွဲ၊ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲတွေ ဘယ်နေရာမှာ ဘယ်လိုအစီအစဉ်တွေနဲ့သတ်မှတ်ကျင်းပမယ်ဆိုတာကို သံတမန်ရေး အရ အရှိန်မြှင့်ညှိနှိုင်းနေကြပါတယ်။

နျူးကလီးယား ဖျက်သိမ်းရေး ဆွေးနွေးဖို့ အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီးဆွေးနွေးဖို့ သဘောတူထားပြီး အမေရိကန် သမ္မတ Donald Trump နဲ့ပါတွေ့ဆုံ နိုင်ရေး ဖိတ်ခေါ် ကမ်းလှမ်းထားတာပါ။

အမေရိကန် - မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး နောက်ထပ် လက္ခဏာ တခုကတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Ri Yong Ho က ဆွီဒင်နိုင်ငံခြားရေး ၀န်ကြီး Margot Wallstrom နဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းက သွားရောက်ခဲ့တာပါ။

Ri Yong Ho ရဲ့ ခရီးစဉ်ကြောင့် အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဆွီဒင် အစိုးရက ကမကထ လုပ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဆွီဒင်နိုင်ငံက ဆွေးနွေးပွဲတွေ အတွင်း မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် သုံးဦးကို ပြန်လွှတ်ပေးရေး အတွက် တိုးတက်မှုတွေ ရှိနေတယ်လို့ တောင်ကိုရီးယား မီဒီယာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းမှာဘဲ အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ထိပ်တန်း အမျိုးသားလုံခြုံရေး အကြံပေးတွေက ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား လုံးဝ ကင်းစင်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတ အိမ်တော်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG