သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီယားထိပ်သီး နောက်နှစ်ဆန်း ပြန်တွေ့ဖွယ်ရှိ


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလလောက်မှာ တွေ့ဆုံဖို့မျှော်လင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သမ္မတထရမ့်ဟာ အာဂျင်တီးနားနိုင်ငံက G-20 အစည်းအဝေး တက်ရောက်ပြီး သူ့ရဲ့ Air Focre လေယာဉ်နဲ့ ပြန်လာစဉ် သတင်းထောက်တွေကို လေယာဉ်ပေါ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ တွေ့ဆုံဖို့အတွက် နေရာ ၃ နေရာကို စဉ်းစားထားကြောင်း၊ ဒါပေမဲ့ ဘယ်နေရာတွေဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ကြားမှာ ဆက်ဆံရေးကောင်းမွန်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ကင်ဂျုံအွန်းကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ တချိန်ချိန်မှာ ဖိတ်ကြားသွားချင်တယ်လို့လည်း ပြောပါတယ်။

အမေရိကန်သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ ပြီးခဲ့တဲ့ ဇွန်လက စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီး၊ သူတို့ ၂ ယောက်ကြားမှာ အသေးစိတ်သဘောတူညီချက်ကို မရခဲ့ကြပေမယ့်၊ ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် လုပ်ဆောင်သွားဖို့ ကတိပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG