သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နျူကလီးယားအရေး အမေရိကန်နဲ့ မြောက်ကိုရီယားဆွေးနွေးလို


သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ နျူကလီးယားဖျက်သိမ်းရေးကိစ္စ အမေရိကန်နဲ့ ဆွေးနွေးလိုကြောင်း ပထမဆုံးအကြိမ် တိုက်ရိုက် လျို့ဝှက်သတင်းစကားပါးလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ သမ္မတ Donald Trump နဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယားကိုယ်စားလှယ်ဖက်က ခုလို တိုက်ရိုက်စကားပါးလိုက်တာလို့ အမေရိကန် အကြီးတန်းအရာရှိ တဦးက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်အရာရှိတွေက အမေရိကန်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရအကြား တိုက်ရိုက်လျို.ဝှက် ချိတ်ဆက်နေတာတွေရှိတယ်လို့ ထုတ်ပြောထားပါတယ်။

Kim Jong Un အနေနဲ့ ခုလို ဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့လထဲက တောင်ကိုရီးယားကတဆင့် အမေရိကန်ကို လျို.ဝှက်ကမ်းလှမ်းခဲ့ပေမဲ့၊ ဒီကိစ္စ သတင်းမီဒီယာမှာလဲ လုံးဝမဟခဲ့ဘဲ၊ အခု ပြီးခဲ့တဲ့လကလုပ်ခဲ့တဲ့ ဒီ (၂) နိုင်ငံလျို.ဝှက်ကြိုတင်ပြင်ဆင်ရေးဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် တိုက်ရိုက်အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲမှာပဲ တောင်ကိုရီးယားအရာရှိတွေက သမ္မတ Trump ကို ခုလိုဆွေးနွေးလိုကြောင်း တဆင့်စကား ပါးအပြီးကထဲက သမ္မတ Trump ဖက်က မေလမကုန်ခင်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ တွေ့ဆုံလိုပါတယ်လို့ အားတက်သရောပြောခဲ့ပေမဲ့၊ မြောက်ကိုရီးယားဖက်က တိတ်ဆိတ်နေခဲ့ရာက အခုလို လျို.ဝှက်စကား ပါးလာတာပါ။

ဒါပေမယ့် မေလကုန်မှာ လုပ်ဖို့ပြင်ဆင်နေတဲ့ သမိုင်းဝင် ပထမဆုံးဖြစ်မဲ့ အမေရိကန်-မြောက်ကိုရီးယား (၂) နိုင်ငံထိပ်သီးဆွေးနွေးပွဲ ဘယ်နိုင်ငံမှဖြစ်မယ်၊ ဘာတွေဆွေးနွေးမယ် ဆိုတာအပါအဝင် ဆွေးနွေးပွဲ အသေးစိတ်အချက်လက် တွေကိုတော့ ခုထိ နှစ်နိုင်ငံလုံးက ဖွင့်မပြောကြသေးပါဘူး။

အရင်တုန်းကတော့ မြောက်ကိုရီးယားက သူ့အပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးပြီး စားနပ်ရိက္ခာအကူအညီပေးမယ် ဆိုရင် နျူကလီယားလက်နက်အစီစဉ်တွေ ရပ်ဆိုင်းပေးမယ်လို့ ပေးခဲ့တဲ့ကတိတွေကို ပယ်ဖျက်ခဲ့ဘူးချိန်မှာ၊ ဒီထိပ်သီးဆွေးနွေးပွဲ ဖြစ်ဖို့ရှိနေတာပါ။

နျူကလီးယားအရေး အမေရိကန်နဲ့ မြောက်ကိုရီယားဆွေးနွေးလို
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG