မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား လက်နက်ဖျက်သိမ်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်ပြီးတော့ ဆွေးနွေးဖို့ မြောက် ကိုရီးယား အာဏာပိုင်တွေက ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါ တယ်။ ၆ နိုင်ငံဆွေးနွေးပွဲဟာ အချိန်အတော်ကြာကတည်းက ရပ်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားညှိနှိုင်းရေးမှူး ကင် ကြေး ဂွမ် (Kim Kye Gwan) က တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဇန် ယေးရှီ (Zhang Yesui) နဲ့ ဘေဂျင်းမြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာ ဖြစ် ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက် ဖျက်သိမ်ရေး အောင်မြင်ဖို့ အတွက် လုပ်ဆောင်နေကြတဲ့ သက်ဆိုင်ရာ နိုင်ငံအားလုံးနဲ့ ဆွေးနွေးဖို့ အတွက် မြောက်ကိုရီးယားနိုင်ငံက ဆန္ဒရှိတယ်လို့ မစ္စတာ ကင် ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲ့ဒီမှာ မြောက်ကိုရီးယားအနေနဲ့ ၂၀၀၉ ခုနှစ်ကတည်းက ထွက်ခဲ့တဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်စနိုင်လာနိုင်ချေ ရှိတယ်ဆိုပြီးတော့ မစ္စတာ ကင် က အတိအလင်း ပြောကြားခဲ့တယ်လို့ ဆိုထားပါတယ်။
တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံတို့ပါ ပါဝင်တဲ့ ဒီ ၆ နိုင်ငံဆွေးနွေးပွဲမှာ မစ္စတာ ကင် ဟာ မြောက်ကိုရီးယားအစိုးရကို ကိုယ်စားပြု ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။