သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လူ့အခွင့်အရေးကော်မရှင် ကုလ ဖွဲ့စည်း


မြောက်ကိုရီးယားကို အရေးယူမှုပြုလုပ်ရန် ကုလတွင် ဆွေးနွေးစဉ်။
မြောက်ကိုရီးယားကို အရေးယူမှုပြုလုပ်ရန် ကုလတွင် ဆွေးနွေးစဉ်။
မြောက်ကိုရီးယားနိုင်ငံက တချို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်တွေ အပေါ်ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေတောင်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ကပြောပြီး မြောက်ကိုရီးယား လူ့အခွင့်အရေးအခြေအနေ စုံစမ်းရေးကော်မရှင် တခုကို ဖွဲ့စည်းလိုက်ပါတယ်။ မြောက်ကိုရီးယားမှာ
စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းမဲ့ ကော်မရှင်ဖွဲ့ရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ကြာသပတေးနေ့က တခဲနက် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

မြောက်ကိုရီးယားမှာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက် ညှင်းပမ်းတာ အလုပ်ကြမ်း စခန်းတွေပို့တာကိုလည်း ပြစ်တင်ရှုံ့ချထားပါတယ်၊ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဥရောပသမဂ္ဂနဲ့ ဂျပန်တို့က ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာ အဆိုးဆုံး လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရပ်သွားအောင် နိုင်ငံတကာက အားထုတ်ကြဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီအောင် မြောက်ကိုရီးယားအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂရဲ့ စုံစမ်းမှုက ကူညီဖော်ထုတ်နိုင်လိမ့်မယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်၊ မြောက်ကိုရီးယားအစိုးရက လူ့အခွင့်အရေး ချိုးဖေါက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို မြောက်ကိုရီးယား တာဝန်ရှိသူတွေက ငြင်းဆန်ပါတယ်။
XS
SM
MD
LG