သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ၆၅ နှစ်မြောက် အမျိုးသားနေ့ စစ်အင်အားပြ


ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံကို ထူထောင်တဲ့ ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ဒီကနေ့ ကြီးမားတဲ့ စစ်ရေးပြပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ပြုံယမ်းမြို့တော်ရဲ့ အဓိက ရင်ပြင်တလျှောက်မှာ ထောင်ပေါင်းများစွာသော တပ်ဖွဲ့တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ချီတက် စစ်ရေးပြတာကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ဂုဏ်ပြုခံစင်မြင့်ကနေ ကြည့်ရှုခဲ့ပါတယ်။

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား လပေါင်းများစွာ တင်းမာနေခဲ့ပြီးတဲ့နောက် ဆက်ဆံရေး ပြန်ပြီး ကောင်းလာချိန်မှာပဲ အခု စစ်ရေးပြပွဲအခမ်းအနား ကျင်းပတာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့လမှာ တတိယအကြိမ် နျူကလီးယားစမ်းသပ်မှု လုပ်ခဲ့ပြီးတဲ့နောက် ဆက်ဆံရေး စပြီး ယိုယွင်းခဲ့တာပါ။ အဲဒီစမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ မြောက်ကိုရီးယားနေ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မြန်မာသမ္မတ ဦးသိန်းစိန်က ခေါင်းဆောင် ကင်မ်ဂျူံအန်းန်၊ ဗဟိုပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မစ္စတာကင်ယုံနမ်၊ ဝန်ကြီးချုပ် မစ္စတာ ပတ်ပုန်ဂျူးတို့ဆီ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့
နိုင်ငံပိုင်သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
XS
SM
MD
LG