သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုကြောင့် မြောက်ကိုရီးယားဗိုလ်ချုပ်တဦး ကွပ်မျက်ခံရ


မြောက်ကိုရီးယားအစိုးရက စစ်တပ်အကြီးအကဲကို အကျင့်ပျက်ခြစားမှု အပါအဝင် တခြား စွဲချက်တွေနဲ့ အခုလအတွင်းမှာ ကွပ်မျက်လိုက် တယ်လို့ မြောက်ကိုရီးယား အရေးနဲ့ နီးစပ် ကျွမ်းကျင်သူတွေက ပြော ကြားကြောင်း တောင်ကိုရီးယားအခြေစိုက် Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ri Yong Gil အနေနဲ့ တခြား ကိုယ်ကျိုးဆိုင်ရာ ကိစ္စရပ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရကြောင်းလည်း အမည်မဖော်လိုတဲ့ မြောက်ကိုရီးယားအရေး ကိစ္စတွေကို နီးစပ်ကျွမ်းကျင်သူပြောတာကို ကိုးကားပြီး Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

တိုင်းပြည်ရဲ့အရေးပါတဲ့ ကိစ္စရပ်တွေ လုပ်ဆောင်တိုင်း မြောက်ကိုရီးယား သတင်းမီဒီယာတွေမှာ ထိပ်တန်းအရာရှိတွေရဲ့ အမည်တွေကို ရေးသား ဖော်ပြလေ့ ရှိပေမဲ့လည်း မြောက်ကိုရီးယားက ဖေဖော်ဝါရီလ (၇) ရက်နေ့တုန်းက တာဝေးပစ်ဒုံးယာဉ် လွှတ်တင်တုန်းက ဗိုလ်ချုပ်ကြီး Ri Yong Gil ရဲ့ နာမည်ကို ဖော်ပြခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ သူတိုင်းပြည်ခေါင်းဆောင် ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ်ကစလို့ သူ့အာဏာ တည်မြဲရေးအတွက် အစိုးရအရာရှိ အများအပြားကို အကျင့်ပျက်ခြစားမှု အပါအဝင် တောင်ကိုရီးယားနိုင်ငံက ရုပ်သံစီးရီးတွေ ကြည့်ရှုမှုအဆုံး စွဲချက်မျိုးစုံနဲ့ အပြစ်ပေး အရေးယူပြီး ထုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

မနှစ် ဇန်နဝါရီလတုန်းကလည်း စစ်တပ်က စစ်ဆင်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး Pyon In Son ကို ကွပ်မျက်ခဲ့ပါတယ်။

XS
SM
MD
LG