သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ိဳင္းတုံအနီးဗဟိုျပဳၿပီး ငလွ်င္ႏွစ္ႀကိမ္လႈပ္ခတ္ 


keng tung, Shan State

ျမန္မာႏိုင္ငံ ရွမ္းျပည္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕အနီးကို ဗဟိုျပဳၿပီး ျပင္းအား အသင့္အတင္ရွိတဲ့ ငလွ်င္ ႏွစ္ႀကိမ္ ဇူလိုင္လ ၂၁ရက္ေန႔ညပိုင္းက လႈပ္ခတ္ခဲ့ၿပီး အပ်က္အစီးတခ်ိဳ႕ရွိေပမယ့္ လူအထိအခိုက္ဒဏ္ရာရမႈကေတာ့ ခုအထိ မၾကားရပါဘူး။ ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသေတြမွာေတာ့ မုတ္သုံအားေကာင္းၿပီး မိုးႀကီးႏိုင္လို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ျမန္မာတဝွမ္း မိုးဇလ အေျခအေန ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ဇူလိုင္ ၂၁ မေန႔ ည ၁၁ နာရီ ၁၀ မိနစ္ေလာက္မွာ ရွမ္းျပည္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္မွာ ရစ္(ခ္)တာစေကး ၅ ဒႆမ ၃ အဆင့္ အင္အားအသင့္အတင့္ရွိတဲ့ ေျမငလ်င္တစ္ခု လႈပ္ရွားသြားေၾကာင္းနဲ႔ ည ၁၁ နာရီ ၃၇ မိနစ္ေလာက္မွာ က်ိဳင္းတုံၿမိဳ႕ရဲ႕ အေရွ႕ဘက္ အင္အား ရစ္(ခ္)တာစေကး ၆ ဒႆမ ၁ အဆင့္ အင္အားျပင္းထန္တဲ့ ေျမငလ်င္တစ္ခု လႈပ္ရွားသြားေၾကာင္း မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျမငလ်င္ျဖတ္႐ိုးေက်ာေတြရွိတဲ့ေနရာေတြ သတိျပဳရမယ္လို႔ ဆိုပါတယ္။

“ငလ်င္ကေတာ့ ရွမ္းျပည္နယ္ဘက္မွာ လႈပ္တာ၊ ငလ်င္အေနနဲ႔က ဘယ္ဘက္မွာ လႈပ္မလဲဆိုတာေတာ့ ခန႔္မွန္းလို႔မရတဲ့ သဘာဝေဘးထဲမွာပါတာေပါ့ေလး။ အဲ့ေတာ့ လႈပ္မွာပဲ လႈပ္တာေလာက္ေပါ့ေနာ္ ေျမသံလိုက္ေတြေပါ့ ေျမငလ်င္ျဖတ္႐ိုးေက်ာေတြရွိတဲ့ ေနရာေတြကေတာ့ သတိထားရတာေပါ့ေနာ္ သတိျပဳရတာေပါ့။”

မေန႔ည ၁၁ နာရီခြဲေက်ာ္ေလာက္ ျမငလ်င္လႈပ္ရွားမႈေၾကာင့္ က်ိဳင္းတုံၿမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕မွာ ေနအိမ္နံရံေတြနဲ႔ က်ိဳင္းတုံၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းဝင္းက ဝန္ထမ္းအိမ္ရာ တစ္ခန္း နံရံၿပိဳက်မႈ ျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံေတာင္ပိုင္းနဲ႔ ျမစ္ဝကြၽန္းေပၚ​ေဒသမွာေတာ့ မုတ္သုံးအားေကာင္းေနၿပီး ဒီေန႔ ဇူလိုင္ ၂၂ ရက္နဲ႔ ဇူလိုင္ ၂၃ ရက္အထိ မြန္အပါအဝင္ ျပည္နယ္နဲ႔ တိုင္းတခ်ိဳ႕မွာ မိုးဆက္မ်ားႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒဌာန ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာပါတယ္။

“အေရွ႕ဘက္က ေလဝင္လႈိင္တခုလည္း ဒါၿပီးခဲ့တဲ့ ရက္ေတြက ျဖတ္တာရွိတာေပါ့ေနာ္။ ဆိုေတာ့ အဲ့အေရွ႕ဘက္က ေလဝင္လႈိင္အရွိန္ေၾကာင့္ မုတ္သုံးကလည္း အားေကာင္းၿပီးေတာ့ ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္ ကရင္ တနသၤာရီေတြဘက္က ပဲခူး ဧရာဝတီ ရန္ကုန္ေပါ့ေနာ္ ဒီေနရာေတြမွာေတာ့ ၿပီးခဲ့တဲ့ ရက္ေတြက မိုးမ်ားခဲ့တယ္။ ဒီေန႔နဲ႔ မနက္ျဖန္လည္း နည္းနည္းေတာ့ မ်ားအုံးမွာေပါ့ေနာ္။ မုတ္သုံးမိုးေပါ့ေလး။”

ရက္ဆက္ မိုးႀကီးမိုးမ်ားလာပါက ေရႀကီးေရလွ်ံတာေတြ ေျမၿပိဳတာေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ သတိျပဳဖို႔ ေနထိုင္ဖို႔ သတိေပးထားပါတယ္။

======================

ကျိုင်းတုံအနီးဗဟိုပြုပြီး ငလျှင်နှစ်ကြိမ်လှုပ်ခတ်

မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား အသင့်အတင်ရှိတဲ့ ငလျှင် နှစ်ကြိမ် ဇူလိုင်လ ၂၁ရက်နေ့ညပိုင်းက လှုပ်ခတ်ခဲ့ပြီး အပျက်အစီးတချို့ရှိပေမယ့် လူအထိအခိုက်ဒဏ်ရာရမှုကတော့ ခုအထိ မကြားရပါဘူး။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာတော့ မုတ်သုံအားကောင်းပြီး မိုးကြီးနိုင်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မြန်မာတဝှမ်း မိုးဇလ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဇူလိုင် ၂၁ မနေ့ ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ရစ်(ခ်)တာစကေး ၅ ဒဿမ ၃ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းနဲ့ ည ၁၁ နာရီ ၃၇ မိနစ်လောက်မှာ ကျိုင်းတုံမြို့ရဲ့ အရှေ့ဘက် အင်အား ရစ်(ခ်)တာစကေး ၆ ဒဿမ ၁ အဆင့် အင်အားပြင်းထန်တဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ညွှန်ကြားရေးမှူး ဦးလှထွန်းက မြေငလျင်ဖြတ်ရိုးကျောတွေရှိတဲ့နေရာတွေ သတိပြုရမယ်လို့ ဆိုပါတယ်။

“ငလျင်ကတော့ ရှမ်းပြည်နယ်ဘက်မှာ လှုပ်တာ၊ ငလျင်အနေနဲ့က ဘယ်ဘက်မှာ လှုပ်မလဲဆိုတာတော့ ခန့်မှန်းလို့မရတဲ့ သဘာဝဘေးထဲမှာပါတာပေါ့လေး။ အဲ့တော့ လှုပ်မှာပဲ လှုပ်တာလောက်ပေါ့နော် မြေသံလိုက်တွေပေါ့ မြေငလျင်ဖြတ်ရိုးကျောတွေရှိတဲ့ နေရာတွေကတော့ သတိထားရတာပေါ့နော် သတိပြုရတာပေါ့။”

မနေ့ည ၁၁ နာရီခွဲကျော်လောက် မြငလျင်လှုပ်ရှားမှုကြောင့် ကျိုင်းတုံမြို့နယ် ကျေးရွာတချို့မှာ နေအိမ်နံရံတွေနဲ့ ကျိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းက ဝန်ထမ်းအိမ်ရာ တစ်ခန်း နံရံပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာတော့ မုတ်သုံးအားကောင်းနေပြီး ဒီနေ့ ဇူလိုင် ၂၂ ရက်နဲ့ ဇူလိုင် ၂၃ ရက်အထိ မွန်အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာ မိုးဆက်များနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“အရှေ့ဘက်က လေဝင်လှိုင်တခုလည်း ဒါပြီးခဲ့တဲ့ ရက်တွေက ဖြတ်တာရှိတာပေါ့နော်။ ဆိုတော့ အဲ့အရှေ့ဘက်က လေဝင်လှိုင်အရှိန်ကြောင့် မုတ်သုံးကလည်း အားကောင်းပြီးတော့ မြန်မာနိုင်ငံတောင်ပိုင်း မွန် ကရင် တနင်္သာရီတွေဘက်က ပဲခူး ဧရာဝတီ ရန်ကုန်ပေါ့နော် ဒီနေရာတွေမှာတော့ ပြီးခဲ့တဲ့ ရက်တွေက မိုးများခဲ့တယ်။ ဒီနေ့နဲ့ မနက်ဖြန်လည်း နည်းနည်းတော့ များအုံးမှာပေါ့နော်။ မုတ်သုံးမိုးပေါ့လေး။”

ရက်ဆက် မိုးကြီးမိုးများလာပါက ရေကြီးရေလျှံတာတွေ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုဖို့ နေထိုင်ဖို့ သတိပေးထားပါတယ်။

XS
SM
MD
LG