သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ


မြောက်ကိုရီးယားစစ်တပ်
မြောက်ကိုရီးယားစစ်တပ်
တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံအကြားက အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကို မြောက်ကိုရီးယားဘက်က ဖြတ်တောက် လိုက်ပေမဲ့လည်း နှစ်နိုင်ငံအကြား နယ်စပ် အခြေအနေတွေဟာ ကြာသပတေးနေ့ မှာ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ဆက်ထားစရာ မလိုတော့ဘူးဆိုပြီးတော့ မြောက်ကိုရီးယားက စစ်ဘက်ဆိုင်ရာ တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းကို ဗုဒ္ဓဟူးနေ့မှာ ဖြတ်တောက်လိုက်တာပါ။

အရင်ကလည်း အဲ့ဒီ့စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းကို မြောက်ကိုရီးယားဖက်က မကြာခဏ ဖြတ်တောက် ခဲ့တဲ့အတွက် မြောက်ကိုးရီးယားဖက်မှာ တောင်ကိုရီးယား အလုပ်သမားတွေ ပိတ်မိနေတာတွေ ရှိခဲ့ဘူး ပါတယ်။ ဒါပေမဲ့လုပ်ငန်းတွေဟာ ပုံမှန် လည်ပတ်နေဆဲဖြစ်တယ်လို့ Kaesong စက်မှုဇုံက ထရပ်ကားမောင်းသမားတစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသမှာ နှစ်ပေါင်းအတော်ကြာအတွင်း အခြေအနေတွေဟာ အဆိုးဆုံး အနေအထားမှာ ရှိနေပြီး မြောက်ကိုရီးယားဖက်ကရော၊ အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ တောင်ကိုရီးယားဖက်ကပါ စစ်ရေးအရပြင်ဆင်ချက်တွေကို ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။
XS
SM
MD
LG