သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် မြောက်ကိုရီယား စစ်ဖက်အရာရှိကြီးတွေ တွေ့ဆုံဆွေးနွေး


နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်ရေးအရ တင်းမာမှုတွေ လျော့ချရေးအတွက် ရည်ရွယ်ပြီး တောင်နဲ့ မြောက်ကိုရီးယားက ထိပ်တန်း စစ်ဘက်အရာရှိတွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် အခုလို တွေ့ဆုံခြင်းလဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲကာလမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့ထားမယ့် သူ့ရဲ့ အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ပြောကြားအပြီး ၂ ရက်အကြာ တောင်နဲ့ မြောက်ကိုရီးယားက စစ်ဘက် အရာရှိတွေ အခုလို တွေ့ဆုံကြတာပါ။

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုံ Panmunjom မှာ ပြုလုပ်တဲ့ ဒီ တွေ့ဆုံ ဆွေးနွေးမှုဟာ နှစ်ဘက် တင်းမာမှုတွေနဲ့ ရန်လိုတဲ့ အပြုအမူတွေ ရပ်တန့်ကြဖို့ ဧပြီလအတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်အပေါ် အခြေခံပြီး ပြုလုပ်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG