သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုးရီးယားထပ်တိုက်ရင် တောင်ကိုးရီးယား လက်တုံ့ပြန်မည်


မြောက်ကိုးရီးယားထပ်တိုက်ရင် တောင်ကိုးရီးယား လက်တုံ့ပြန်မည်

တကယ်လို့ မြောက်ကိုရီးယားက နောက်ထပ် စစ်ရေးအရ တိုက်ခိုက်လာမယ်ဆိုရင် လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်မှာဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဖြစ်လာတော့မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီးတဦးက ပြောလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေရဲ့ အင်အားဟာ ခိုင်မာတာကြောင့် အဲဒီလိုကလဲ့စားချေ ပြန်တိုက်ခိုက်ရာကနေ စစ်ပွဲကြီးတွေ ဖြစ်လာမှာမဟုတ်ဘူး လို့လည်း တောင်ကိုရီးယား အငြိမ်းစားဗိုလ်ချုပ်ကြီး Kim Kwan-Jin က ဒီနေ့ ပါလီမန် ကြားနာပွဲမှာ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ အရင်ပတ်က ယောင်ဖြွန်းကျွန်းကို တိုက်ခိုက်ခံရမှုကို တုံ့ပြန်တာမှာ အားပျော့တယ်ဆိုပြီး အတိုက်အခံ ပါလီမန် လွှတ်တော်အမတ်တွေက ဝေဖန်နေကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ အနောက်ဘက်ကမ်း မြောက်ကိုရီးယားနဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက်အနီးမှာရှိတဲ့ ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားက အမြောက်ကျည်ဆံ ၁၇၀ လောက်နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီလို ပစ်ခတ်ပြီး မိနစ်ပိုင်းအကြာမှာပဲ တောင်ကိုရီးယားဘက်က အမြောက်ဒုံးကျည် ၈၀ လောက်နဲ့ မြောက်ကိုရီးယားကို ပြန်ပစ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG