သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနဲ့ ပြုံယမ်းကို တုံ့ပြန်


အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနဲ့ ပြုံယမ်းကို တုံ့ပြန်
အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနဲ့ ပြုံယမ်းကို တုံ့ပြန်

မြောက်ကိုရီးယားဘက်ကနေ လက်နက်ကြီးတွေနဲ့ တောင်ကိုရီးယားကို မနေ့က စတင် တိုက်ခိုက်ခဲ့လို့ အရပ်သူ အရပ်သား ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အသစ်တခု လုပ်ဆောင်ဖို့ နှစ်နိုင်ငံ သမ္မတတွေ သဘောတူ လိုက်ကြပါပြီ။

မနေ့က တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ၂ ဦးရဲ့ အလောင်းတွေကို ဒီကနေ့ ရှာဖွေတွေ့ရှိခဲ့တာပါ။

ကာလ အတော်ကြာအောင် ဆိုင်းငံ့ထားတဲ့ ၂ နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို လာမယ့် တနင်္ဂနွေနေ့မှာ စတင်မှာ ဖြစ်ပြီး အခု စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ဘက်က USS George Washington လေယာဉ်တင် စစ်သင်္ဘောကြီးကိုပါ သယ်ဆောင်လာပါလိမ့်မယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ် (Lee Myung-back) တို့ မနေ့တုန်းက တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြပြီး နောက်ပိုင်း ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ ကိစ္စကို အိမ်ဖြူတော်က ကြေညာခဲ့တာပါ။

အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ တတန်းတည်း ရပ်တည်သွားမယ်၊ မြောက်ကိုရီးယားက တိုက်ခိုက်လာတဲ့ ကိစ္စကိုလည်း နိုင်ငံတကာကနေ ဝိုင်းပြီး ရှုတ်ချရေး စည်းရုံး လုပ်ဆောင်သွားမယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

မနေ့က ပစ်ခတ်မှုမှာ တောင်ကိုရီးယားက မရိမ်းစစ်သား ၂ ဦးလည်း သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စကို စုံစမ်း စစ်ဆေးဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG