ပြုံယမ်းဘက်က ခြိမ်းခြောက်ပြောဆို ရန်လိုတဲ့ စကားတွေ တောက်လျှောက် ပြောဆိုလာခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယား သမ္မတက ငြိမ်းချမ်းတဲ့ လမ်းကြောင်းကို လိုက်ဖို့ ဒီနေ့ ပြောလိုက်ပါတယ်။
တောင်ကိုရီးယား စစ်သင်္ချိုင်းက အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) က ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် တောင်ကိုရီးယား အနေနဲ့ စိတ်ရှည်လက်ရှည် ဆက်ပြီးတော့ လုပ်သွားမှာပါလို့ ပြောခဲ့တာပါ။
မကြာခင်တုန်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လျှို့ဝှက် ဆွေးနွေးခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ သမ္မတ အီမြောင်ဘက် ဘက်က ဘာမှ ပြောဆိုခဲ့တာ မရှိပါဘူး။