သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး Seoul ဦးဆောင်မှု တရုတ်ထောက်ခံ၊ WikiLeaks ဖော်ပြ


ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး Seoul ဦးဆောင်မှု တရုတ်ထောက်ခံ၊ WikiLeaks ဖော်ပြ

တကယ်လို့ မြောက်ကိုရီးယားနိုင်ငံ ပြိုကွဲခဲ့ရင် တောင်ကိုရီးယားရဲ့ ထိန်းချုပ်မှုအောက်မှာ ပြန်လည် ပေါင်းစည်းသင့်တယ်လို့ တရုတ်နိုင်ငံ တာဝန်ရှိသူတွေက ယုံကြည် ယူဆနေကြတဲ့အကြောင်း ၀ီကီလိခ် (WikiLeaks) အင်တာနက် ၀က်ဘ်ဆိုက်က ဖော်ပြထားတဲ့ သံတမန် စာပေးစာယူ သတင်း အချက်အလက်တွေမှာ ပါရှိပါတယ်။

ဝီကီလိခ်က ဖော်ပြလိုက်တဲ့ စာပေးစာယူ သတင်းတွေကို အမေရိကန် ပြည်ထောင်စုထုတ် နယူးယောက်ခ် တိုင်းမ်စ်၊ ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းတွေနဲ့အတူ ကမ္ဘာတ၀န်း သတင်းမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်တဲ့ သံတမန်ရေး စာအသွားအလာတွေထဲမှာ တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချွန်ယွန်-၀ူး (Chun Yung-woo) က အမေရိကန် သံအမတ်ကြီးကို ရေးသားခဲ့တဲ့ အချက်အလက်ထဲမှာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ကြရင် တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို ကြားနေ မဟာမိတ်အဖြစ်နဲ့ လက်ခံသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တောင်နဲ့ မြောက် ၂ နိုင်ငံအကြား စစ်မဲ့ဇုန်မှာတော့ အမေရိကန် စစ်တပ်တွေ ဆက်လက် ထားရှိရေးကို တရုတ်နိုင်ငံက လက်ခံမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

နောက်သတင်းအချက်အလက် တခုကတော့ ၂၀၀၉ ခုနှစ်တုန်းက ကာဇက်စတန်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရစ်ချတ် ဟိုးဂလင်းက မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်တာတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ရတက်မအေး ဖြစ်ရတယ်လို့ တရုတ်သံအမတ်ကြီးကို စာရေးသားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ကမ္ဘာတခုလုံးရဲ့ လုံခြုံရေးကို အန္တရာယ်ပြုနိုင်တယ်လို့ အမေရိကန် သံအမတ်ကြီးက အလေးအနက် ပြောဆိုထားတာကိုလည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG