သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အနောက်ပိုင်း မြေပြိုကျမှု ၃ ဦးသေ


ဝါရှင်တန်အနောက်ဘက်ခြမ်း ဝါရှင်တန်ပြည်နယ်အတွင်း အဝေးပြေးလမ်းအမှတ် ၅၃၀ မှာ မြေပြိုကျမှုအတွင်း သေဆုံးသူူတွေကို ရှာနေဆဲ။ (မတ်လ ၂၃၊ ၂၀၁၄)
ဝါရှင်တန်အနောက်ဘက်ခြမ်း ဝါရှင်တန်ပြည်နယ်အတွင်း အဝေးပြေးလမ်းအမှတ် ၅၃၀ မှာ မြေပြိုကျမှုအတွင်း သေဆုံးသူူတွေကို ရှာနေဆဲ။ (မတ်လ ၂၃၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု အနောက်ဘက်အခြမ်းမှာရှိတဲ့ ဝါရှင်တန်ပြည်နယ်မှာ မြေပြိုကျမှုအကြီးကြီးဖြစ်ခဲ့တာကြောင့် ၃ ယောက်သေဆုံးပြီး ၁၈ ယောက် ပျောက်ဆုံးနေပါတယ်။

Seattle မြို့ရဲ့ မြောက်ဘက်ခြမ်းက တောင်ပေါ်ကျေးလက်ဒေသမှာ ရွှံ့နံရံတွေ၊ သစ်ပင်တွေနဲ့ ကျောက်တုံးတွေ စနေနေ့က ပြိုကျခဲ့တာဖြစ်ပြီး မြေပြိုကျတဲ့လမ်းကြောင်း တလျှောက်မှာရှိတဲ့ အိမ်ခြေ ၃၀ လောက် ပျက်စီးသွားပြီး ၈ ယောက်လောက် ဒဏ်ရာရသွားပါတယ်။

ငိုယိုပြီး အကူအညီတောင်းတဲ့အသံတွေကို ကြားရပြီး ကယ်ဆယ်ရေးလုပ်သားတွေဟာ စနေနေ့ညပိုင်းကနေ တနင်္ဂနွေနေ့ရောက်လာတဲ့အထဲ အသက်ရှင်ကျန်ရစ်မယ့်သူတွေကို ရှာဖွေနေကြပါတယ်။ ဒါပေမဲ့ မြေကြီးတွေက သဲတွေလိုပဲ ဆက်ပြီး လျှောကျနေတာကြောင့် ကယ်ဆယ်ရေး လုပ်သားတွေဟာ တချို့နေရာတွေကို ရောက်အောင် မသွားနိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

မကြာသေးခင်တုန်းက မိုးအကြီးအကျယ်ရွာတာကြောင့် အခုလို မြေပြိုကျတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
XS
SM
MD
LG