သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ မုန်တိုင်းနဲ့ ရေဘေးအန္တရယ်ကြုံ


Paramilitary police officers evacuate residents stranded by floodwaters in Xincuo town of Fuqing city, after Typhoon Doksuri made landfall and brought heavy rainfall in Fuzhou, Fujian province, China, July 29, 2023.
Paramilitary police officers evacuate residents stranded by floodwaters in Xincuo town of Fuqing city, after Typhoon Doksuri made landfall and brought heavy rainfall in Fuzhou, Fujian province, China, July 29, 2023.

Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ ထိခိုက်ပျက်စီးတာတွေကို ရှင်းလင်းနေချိန်မှာပဲ တရုတ်နိုင်ငံမြောက်ပိုင်းမှာ မုန်တိုင်းကြောင့် ရေကြီးတာတွေဖြစ်နေပြီး၊ ဘေဂျင်းမြို့တော်မှာတော့ မိုးရွာသွန်းမှု စံချိန်တင် နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသားမိုးဇလဌာနကတော့ ဒီနေ့မှာ မိုးရွာသွန်းမှု အမြင့်ဆုံး အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

အခုအခါမှာ မုန်တိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတဲ့အတွက် အားပျော့လာပြီဖြစ်ပေမယ့်လည်း၊ မြောက်ပိုင်းက Hebei, Beijing, Shanxi နဲ့ Xenan ပြည်နယ်တွေမှာ မိုးအကြီးအကျယ်ရွာသွန်းနိုင်ချေ ရှိတယ်လို့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်တဲ့အထဲမှာ အင်အားအပြင်းဆုံးမုန်တိုင်းတခုဖြစ်တဲ့ Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ပိုင်း Fujian ပြည်နယ်မှာ ၁.၄ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး၊ ၃ သိန်း ၆ သောင်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီးတော့၊ စီးပွားရေးအရ အမေရိကန်ဒေါ်လာ သန်း ၄၃၀ လောက်ဆုံးရှုံးခဲ့တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာက ပြောပါတယ်။

လူမှုကွန်ရက်တွေမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက သစ်ပင်ကျိုးတာတွေ၊ မြေပြိုတာတွေကို လိုက်လံရှင်းလင်းကယ်ဆယ်တာတွေ လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံကို ချဉ်းကပ်လာနေတဲ့ အပူပိုင်းမုန်တိုင်း Khanun ဟာ တိုင်ဖုန်မုန်တိုင်းလို့ အလျှင်အမြန်အားကောင်း လာပြီး တရုတ်နိုင်ငံကို Zhejiang ပြည်နယ်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG