သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း စစ္ေျပးဒုကၡသည္တခ်ိဳ႕ ေနရပ္ျပန္


ရွမ္းျပည္နယ္ေျမာက္ပိုင္း တုိက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာတိမ္းေရွာင္ေနၾကတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (ဓာတ္ပံု-ကိုမ်ဳိး/နယ္စည္းမျခား)

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္နဲ႔ သီေပါၿမိဳ႕နယ္အတြင္း ဒီရက္ပိုင္းအတြင္း တိုက္ပြဲေတြ ၿငိမ္သက္လာတာေၾကာင့္ သီေပါၿမိဳ႕နယ္မွာ ေရာက္ရွိေနတဲ့ စစ္ေျပးဒုကၡသည္ ၄၀၀ ေက်ာ္ ေနရပ္ျပန္သြားခဲ့ၾကပါတယ္။ ေက်ာက္မဲၿမိဳႈနယ္ထဲမွာေတာ့ တခ်ိဳ႕ေက်း႐ြာေတြမွာ လက္နက္ကိုင္တပ္ေတြ ဆက္ရွိေနတာေၾကာင့္ ဒုကၡသည္ ၆၀၀ ေလာက္ ေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။ ဒီအေျခအေနကို ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

TNLA တအန္း(ပေလာင္)၊SSPP ရွမ္းျပည္ေျမာက္ပိုင္းပူးေပါင္းတပ္ေတြနဲ႔ RCSS ရွမ္းျပည္ေတာင္ပိုင္းတပ္ေတြအၾကား ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕နယ္နဲ႔ သီေပါၿမိဳ႕နယ္အစပ္ေဒသမွာ ဒီလ ၉ ရက္ေန႔ေလာက္ကစၿပီး တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း တိုက္ပြဲေတြ ျပန္လည္ ၿငိမ္သက္လာေနတာေၾကာင့္ သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳဘုရားမွာ ေရာက္ရွိေနတဲ့ စစ္ေျပးဒုကၡသည္ေတြ ျပန္သြားၾကၿပီလို႔ သူတို႔ကို ကူညီေနတဲ့ ၂၀၂၀ ေ႐ြးေကာက္ခံသီေပါၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းမြမ္းမြမ္းေပါင္းက VOA ကို ေျပာပါတယ္။

“အကုန္ျပန္သြားၿပီတဲ့။ ေဘာ္ႀကိဳကေန သူတို႔ ေနရပ္ဌာနကို အကုန္ျပန္သြားတယ္ေပါ့။ တိုက္ပြဲလည္း ၿငိမ္သြားၿပီရွင့္။ တိုက္ပြဲလည္း ၿငိမ္သြားၿပီ၊ ႐ြာကလည္း ေခၚတယ္။ အေျခအေန ၿငိမ္ၿပီ။ အားလုံး လာၾကဆိုၿပီး ေခၚတယ္။ ဟိုအရင္ ရက္ပိုင္းေတြက ၄၀၀ ေက်ာ္ထိ ျဖစ္ သြား တယ္။ ၄၀၀ ေက်ာ္ ၅၀၀ နီးနီး၊ ၅၀၀ နီးနီးကို အေျခအေန အရင္ ေကာင္းတဲ့႐ြာေတြက တ႐ြာၿပီးတ႐ြာ နည္းနည္းခ်င္းစီ ျပန္တာေပါ့ေနာ္။ အဲဒါနဲ႔ ၃၀၀ ေက်ာ္ က်န္တယ္။ ေနာက္ထပ္တခါက်ေတာ့ အေျခအေန ေကာင္းၿပီဆို ႐ြာက လူႀကီးေတြက ေခၚတာနဲ႔ သူတို႔လည္း ျပန္သြားၾကၿပီ။”

ေက်ာက္မဲၿမိဳ႕ခံတဦးကလည္း လက္ရွိ တိုက္ပြဲအေျခအေနကို အခုလို ေျပာပါတယ္။

“တိုက္ပြဲကေတာ့ ၿငိမ္သြားပါၿပီ။ ႏွစ္ဘက္ျဖစ္ေနတဲ့တိုက္ပြဲက တဘက္ကေနၿပီးေတာ့ ဆုတ္ခြာေပးတဲ့အတြက္ တိုက္ပြဲကေတာ့ ၿငိမ္သြားပါၿပီ။ ေက်ာက္မဲနယ္ဘက္မွာကေတာ့ ၂ ရက္ရွိၿပီေပါ့ေနာ္။ ဒီေန႔နဲ႔ဆို ၃ ရက္ေပါ့။ ၿငိမ္သြားပါၿပီ။”

RCSS ရွမ္းျပည္ေတာင္ပိုင္းတပ္ဖြဲ႔ေတြ ဆုတ္ခြာသြားတာျဖစ္ပါတယ္။ ဒါေပမဲ့ TNLA နဲ႔ SSPP ပူးေပါင္းတပ္ေတြက ေက်း႐ြာအခ်ိဳ႕မွာ ဆက္ၿပီး တပ္စြဲထားတာေၾကာင့္ စစ္ေျပးဒုကၡသည္အမ်ားစုဟာ ေနရပ္မျပန္ႏိုင္ေသးေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“စစ္ေရွာင္ေတြကေတာ့ မျပန္ဘူးဗ်။ အခု ဒီ မဟာမိတ္ရွိတဲ့ ႐ြာအမ်ားစုကေတာ့ ဘယ္သူမွ မေနရဲၾကဘူး။ ဘုန္းႀကီးေက်ာင္းမွာပဲ လာခိုလႈံေနတယ္။ ေက်ာက္မဲၿမိဳ႕ အနီးဆုံးမွာဆို ကြၽဲကုန္းဘုန္းႀကီးေက်ာင္းမွာ ရွိတယ္။ နမ့္စလင္းဘုန္းႀကီးေက်ာင္းမွာ ရွိတယ္။ ေခ်ာင္းေခ်ာက္ ဘုန္းႀကီးေက်ာင္းမွာ ရွိတယ္။ တေက်ာင္းကို အေယာက္ ၂၀၀ ေက်ာ္၊ ၂၀၀ ဝန္းက်င္ေလာက္ရွိတယ္ဗ်။ အားလုံးေပါင္း ၆၀၀ ေက်ာ္။ ဒါ ဘုန္းႀကီးေက်ာင္းမွာ ရွိတဲ့ စာရင္းေလာက္ပဲ က်ေနာ္တို႔ သိရတာေပါ့ေနာ္။ တျခား ေဆြမ်ိဳးအိမ္မွာတို႔၊ နီးစပ္ရာသူငယ္ခ်င္းအိမ္မွာတို႔ သြားေနတဲ့သူေတြက်ေတာ့ အဲဒါေတြက စာရင္းေကာက္လို႔ မရဘူး။ ေစ့စပ္ညႇိႏႈိင္းမႈမရွိသ၍ကေတာ့ ဒီပုံစံတိုင္းသြားမယ္ေတာ့ ျမင္မိတယ္ဗ်။”

ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္အတြင္းမွာလည္း TNLA နဲ႔ SSPP ပူးေပါင္းတပ္ေတြနဲ႔ RCSS အၾကားမွာ ဒီရက္ပိုင္းအတြင္း ေန႔စဥ္ဆိုသလို တိုက္ပြဲေတြျဖစ္ပြားေနတယ္လို႔ မိုင္းကိုင္ေဒသခံတဦးက ေျပာပါတယ္။ ဒီရက္ပိုင္းျဖစ္တဲ့တိုက္ပြဲေတြကေတာ့ မိုင္းကိုင္ၿမိဳ႕ ေျမာက္ပိုင္း လဲခ်ားၿမိဳ႕နယ္ဘက္မွာအထိ ျဖစ္ပြားေနတယ္လို႔ေျပာပါတယ္။

မိုင္းကိုင္ၿမိဳ႕နယ္ဘက္မွာ ျဖစ္ပြားတဲ့ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြအၾကား တိုက္ ပြဲေတြဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာေလာက္က စတင္ခဲ့တာျဖစ္ၿပီး ေလာေလာဆယ္ မိုင္းကိုင္ၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ ၂,၀၀၀ ေလာက္ ခိုလႈံေနၾကပါတယ္။

ဒီလ ၁၀ ရက္ေန႔ကေတာ့ မိုင္းကိုင္ၿမိဳ႕နယ္ TNP ေခၚ တအန္းအမ်ိဳးသားပါတီ ဥကၠ႒ မိုင္းႏုမ္ဟန္၊ သူ႔ဇနီးနဲ႔ လသားအ႐ြယ္ကေလးငယ္ကို လက္နက္ကိုင္အဖြဲ႔တခုက ဖမ္းဆီးသြားတာ အခုခ်ိန္ထိ ျပန္မလႊတ္ေသးပါဘူး။ ေဒသခံေတြကေတာ့ ဖမ္းဆီးသြားတာ RCSS က လို႔ စြပ္စြဲတာေတြ ရွိေပမယ့္ RCSS ကေတာ့ ျငင္းဆိုထားပါတယ္။

=============

[[Zawgyi/Unicode]]

ရှမ်းပြည်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်အတွင်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်လာတာကြောင့် သီပေါမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည် ၄၀၀ ကျော် နေရပ်ပြန်သွားခဲ့ကြပါတယ်။ ကျောက်မဲမြိုှုနယ်ထဲမှာတော့ တချို့ကျေးရွာတွေမှာ လက်နက်ကိုင်တပ်တွေ ဆက်ရှိနေတာကြောင့် ဒုက္ခသည် ၆၀၀ လောက် နေရပ် မပြန်နိုင်ကြသေးပါဘူး။ ဒီအခြေအနေကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

TNLA တအန်း(ပလောင်)၊SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်တွေနဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေအကြား ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်အစပ်ဒေသမှာ ဒီလ ၉ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်လာနေတာကြောင့် သီပေါမြို့နယ် ဘော်ကြိုဘုရားမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေ ပြန်သွားကြပြီလို့ သူတို့ကို ကူညီနေတဲ့ ၂၀၂၀ ရွေးကောက်ခံသီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက VOA ကို ပြောပါတယ်။

“အကုန်ပြန်သွားပြီတဲ့။ ဘော်ကြိုကနေ သူတို့ နေရပ်ဌာနကို အကုန်ပြန်သွားတယ်ပေါ့။ တိုက်ပွဲလည်း ငြိမ်သွားပြီရှင့်။ တိုက်ပွဲလည်း ငြိမ်သွားပြီ၊ ရွာကလည်း ခေါ်တယ်။ အခြေအနေ ငြိမ်ပြီ။ အားလုံး လာကြဆိုပြီး ခေါ်တယ်။ ဟိုအရင် ရက်ပိုင်းတွေက ၄၀၀ ကျော်ထိ ဖြစ် သွား တယ်။ ၄၀၀ ကျော် ၅၀၀ နီးနီး၊ ၅၀၀ နီးနီးကို အခြေအနေ အရင် ကောင်းတဲ့ရွာတွေက တရွာပြီးတရွာ နည်းနည်းချင်းစီ ပြန်တာပေါ့နော်။ အဲဒါနဲ့ ၃၀၀ ကျော် ကျန်တယ်။ နောက်ထပ်တခါကျတော့ အခြေအနေ ကောင်းပြီဆို ရွာက လူကြီးတွေက ခေါ်တာနဲ့ သူတို့လည်း ပြန်သွားကြပြီ။”

ကျောက်မဲမြို့ခံတဦးကလည်း လက်ရှိ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“တိုက်ပွဲကတော့ ငြိမ်သွားပါပြီ။ နှစ်ဘက်ဖြစ်နေတဲ့တိုက်ပွဲက တဘက်ကနေပြီးတော့ ဆုတ်ခွာပေးတဲ့အတွက် တိုက်ပွဲကတော့ ငြိမ်သွားပါပြီ။ ကျောက်မဲနယ်ဘက်မှာကတော့ ၂ ရက်ရှိပြီပေါ့နော်။ ဒီနေ့နဲ့ဆို ၃ ရက်ပေါ့။ ငြိမ်သွားပါပြီ။”

RCSS ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ TNLA နဲ့ SSPP ပူးပေါင်းတပ်တွေက ကျေးရွာအချို့မှာ ဆက်ပြီး တပ်စွဲထားတာကြောင့် စစ်ပြေးဒုက္ခသည်အများစုဟာ နေရပ်မပြန်နိုင်သေးကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“စစ်ရှောင်တွေကတော့ မပြန်ဘူးဗျ။ အခု ဒီ မဟာမိတ်ရှိတဲ့ ရွာအများစုကတော့ ဘယ်သူမှ မနေရဲကြဘူး။ ဘုန်းကြီးကျောင်းမှာပဲ လာခိုလှုံနေတယ်။ ကျောက်မဲမြို့ အနီးဆုံးမှာဆို ကျွဲကုန်းဘုန်းကြီးကျောင်းမှာ ရှိတယ်။ နမ့်စလင်းဘုန်းကြီးကျောင်းမှာ ရှိတယ်။ ချောင်းချောက် ဘုန်းကြီးကျောင်းမှာ ရှိတယ်။ တကျောင်းကို အယောက် ၂၀၀ ကျော်၊ ၂၀၀ ဝန်းကျင်လောက်ရှိတယ်ဗျ။ အားလုံးပေါင်း ၆၀၀ ကျော်။ ဒါ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ စာရင်းလောက်ပဲ ကျနော်တို့ သိရတာပေါ့နော်။ တခြား ဆွေမျိုးအိမ်မှာတို့၊ နီးစပ်ရာသူငယ်ချင်းအိမ်မှာတို့ သွားနေတဲ့သူတွေကျတော့ အဲဒါတွေက စာရင်းကောက်လို့ မရဘူး။ စေ့စပ်ညှိနှိုင်းမှုမရှိသ၍ကတော့ ဒီပုံစံတိုင်းသွားမယ်တော့ မြင်မိတယ်ဗျ။”

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာလည်း TNLA နဲ့ SSPP ပူးပေါင်းတပ်တွေနဲ့ RCSS အကြားမှာ ဒီရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မိုင်းကိုင်ဒေသခံတဦးက ပြောပါတယ်။ ဒီရက်ပိုင်းဖြစ်တဲ့တိုက်ပွဲတွေကတော့ မိုင်းကိုင်မြို့ မြောက်ပိုင်း လဲချားမြို့နယ်ဘက်မှာအထိ ဖြစ်ပွားနေတယ်လို့ပြောပါတယ်။

မိုင်းကိုင်မြို့နယ်ဘက်မှာ ဖြစ်ပွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား တိုက် ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်က စတင်ခဲ့တာဖြစ်ပြီး လောလောဆယ် မိုင်းကိုင်မြို့ပေါ်မှာ စစ်ဘေးရှောင် ၂,၀၀၀ လောက် ခိုလှုံနေကြပါတယ်။

ဒီလ ၁၀ ရက်နေ့ကတော့ မိုင်းကိုင်မြို့နယ် TNP ခေါ် တအန်းအမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ လသားအရွယ်ကလေးငယ်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတာ အခုချိန်ထိ ပြန်မလွှတ်သေးပါဘူး။ ဒေသခံတွေကတော့ ဖမ်းဆီးသွားတာ RCSS က လို့ စွပ်စွဲတာတွေ ရှိပေမယ့် RCSS ကတော့ ငြင်းဆိုထားပါတယ်။

#MyanmarViolence #ShanFighting #VOABurmese #ရှမ်းပြည်မြောက်ပိုင်း #ကျောက်မဲ #သီပေါ #တိုက်ပွဲငြိမ် #ဘော်ကြိုု#ဗွီအိုအေ

=============

XS
SM
MD
LG