ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်တွေနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ခိုလုံရေးစခန်းတွေကို ဖျက်ပြီး၊ နေရပ်ပြန်ဖို့ မြန်မာစစ်ကောင်စီက အတင်းအကျပ် ဖိအားပေးနေတယ်လို့ စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလို ဖိအားပေးခံရပေမဲ့ ပြန်လည်ထူထောင်ရေး ကူညီပေးတာမရှိလို့ အခက်အခဲမျိုးစုုံ ကြုံနေရတဲ့အကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။