သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု အမေရိကန် အပြင်းအထန်ရှုတ်ချ 

Koreas Tensions
Koreas Tensions

[[Zawgyi/Unicode]]


မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အသစ်တစင်း ဒီနေ့ စမ်းသပ်ပစ်လွှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယားအစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခဲ့တဲ့ အပေါ် တာဝန်ယူမှုရှိစေဖို့အတွက် နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်အစိုးရအနေနဲ့ ပြင်းပြင်းထန် ထန် ပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ ဒါ့အပြင် ဒီဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အတော် များများကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး ဒေသတွင်းမှာ တင်းမာမှုတွေက မလိုအပ်ဘဲ မြင့်မားလာစေမှာဖြစ်သလို လုံခြုံရေးအခြေအနေကိုလည်း မတည်မငြိမ်ဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ Joe Biden ဟာ မြောက်အတ္တလန်တိတ်မဟာမိတ်အဖွဲ့၊ G-7 အဖွဲ့ဝင်နိုင်ငံတွေ၊ EU ဥရောပသမဂ္ဂတို့နဲ့ တရက်ကြာ ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့အတွက် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့က NATO ဌာနချုပ်ကို ရောက်နေချိန်မှာပဲ အခုထုတ်ပြန်ချက် ထွက်လာတာပါ။

ဆွေးနွေးမှုတွေကို အလေးအနက်လုပ်ဆောင်ဖို့အတွက် စားပွဲဝိုင်းမှာ လာရောက်ဆွေးနွေးဖို့ မြောက်ကိုရီးယားကို တောင်းဆို တယ်လို့ပြောပါတယ်။ သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လမ်းကြောင်းကို ပိတ်မထားပေမယ့် မတည်မငြိမ်ဖြစ်အောင် လုပ်နေတာ တွေကိုတော့ ချက်ချင်းရပ်တန့်ရမယ်လို့လည်း သတိပေးထားပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု အမေရိကန် အပြင်းအထန်ရှုတ်ချ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

============
[[Unicode]]







================

​
XS
SM
MD
LG