သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား နဲ့ ဆွေးနွေးဖို့ မြောက် ကိုရီးယားခေါင်းဆောင် အဆိုပြု


မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un နဲ့အစိုးရအဖွဲ့ခေါင်းဆောင်များ။
မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un နဲ့အစိုးရအဖွဲ့ခေါင်းဆောင်များ။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့နိုင်ငံရဲ့ ပြိုုင်ဘက် ဖြစ်တဲ့ တောင်ကိုးရီးယားနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် သူ့ဘက်က လမ်းဖွင့်ပေးထားတယ် လို့ ပြောလိုက်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံနဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးရေး အတွက် သူ့အနေနဲ့ စဉ်းစားမယ့်အကြောင်း အစဉ်အလာ အတိုင်း ပြောဆိုလေ့ ရှိတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ မစ္စတာ ကင်မ် ဂျုံအွန်းက ထည့်သွင်းပြောဆိုသွားတာပါ။

အဆင့်မြင့် အစည်းအဝေးတွေ လုပ်ဖို့ အခြေအနေတွေ တောင်ကိုးရီးယားဘက်မှာ ရှိနေရင် ဒီလိုအစည်းအဝေးတွေ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး၊ ဒီလို ပူးပေါင်းဆောင်ရွက်မယ့် တွေ့ဆုံဆွေးနွေးရေးတွေဖြစ်လာဖို့ ကျုပ် တို့ဘက်က အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါလို့ မြောက်ကိုးရီးယားခေါင်းဆောင်က ဆက်ပြောသွားခဲ့ပါတယ်။

မစ္စတာကင်မ် ရဲ့ ကမ်းလှမ်း ချက်က ဘယ် အဆင့်ထိ အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဒီကမ်းလှမ်းချက် က တောင်ကိုးရီးယားဘက်က မြောက်ကိုးရီးယားနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းချက်တွေ ဇန်နဝါရီလအတွင်း ထွက်ပေါ်လာပြီးနောက် ပိုင်း မြောက်ကိုးရီးယား ဘက်က ဒီလိုပြောဆို လာတာလည်းဖြစ်ပါတယ်။

ဆိုးလ်းဘက်က ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ မစ္စတာကင်မ်ရဲ့ ပြောဆိုချက်ကို ကြာသပတေးနေ့က ကြိုဆို လိုက်ပါတယ်။ မြောက်ကိုးရီးယားခေါင်းဆောင်က ရိုးရိုးသားသားပြောဆိုခဲ့ တာဆိုရင် တောင်ကိုးရီးယားရဲ့ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်ကို သူ့အနေနဲ့ လက်ခံလိမ့်မယ်လို့ဆိုပါတယ်။

ကိုးရီးယားနှစ်နိုင်ငံ နောက်ဆုံး အဆင့်မြင့်တွေ့ဆုံ ဆွေးနွေးရေးတွေ ကို ဖေဖော်ဝါရီလတုန်းကကျင်းပခဲ့ တာပါ။ အဲ့ဒီတုန်းက ဆွေးနွေးပွဲတွေ ကို အောက်တိုဘာလအတွင်း ပြန်လည်စတင်ဖို့ သဘောတူခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ၁၉၅၀ ခုနှစ်တွေအတွင်း ကိုးရီးယား စစ်ပွဲကြောင့် ကွဲကွာသွားကြတဲ့ မိသားစုတွေ ပြန်လည် တွေ့ဆုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကို အစဉ်အလာ အတိုင်း ပြောဆို ဆွေးနွေးကြ တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG