သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် ရုရှားသွားမည်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဒီဇင်ဘာ ၃၀၊ ၂၀၁၄)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဒီဇင်ဘာ ၃၀၊ ၂၀၁၄)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မေလထဲကျင်းပမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမဏီတွေကို ဆိုဗီယက် ပြည်ထောင်စုက အောင်ပွဲခံခဲ့တဲ့ အထိမ်းအမှတ်ပွဲကို တက်ရောက်မှာ ဖြစ်ကြောင်း ရုရှားက သတင်းထုတ်ပြန် ပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရယူခဲ့တဲ့ မစ္စတာကင်ရဲ့ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ် တခုဖြစ်ကြောင်း ရုရှားသမ္မတရုံး ပြန်ကြားရေး ဌာနကVOA ကို အတည်ပြု ပြောကြားပါတယ်။

ရုရှားအစိုးရ ပြောခွင့်ရရဲ့ ဒီဇင်ဘာလတုန်းက ပြောကြားချက်မှာတော့ ရုရှားမှာ မေလ ၉ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီနှစ်ပါတ်လည် အခန်းအနားကို တက်ရောက်ဖို့ မစ္စတာကင်ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်ရေး ကော်မတီ ကနေ မြောက်ကိုရီးယား နိုင်ငံကို လူသားထုအပေါ် ကျုးလွန်တဲ ရာဇဝတ်ပြစ်မှုတွေ အတွက် ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းတဲ့ အဆိုပြုချက် တရပ် ချမှတ်ခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပိတ်ပင်ခွင့်ရှိတဲ့ ရုရှားက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားတဲ့ အနေနဲ့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချခဲ့တာပါ။

XS
SM
MD
LG