သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အစိုးရ ဖြုတ်ချရန် ကြံစည်မှု တောင်ကိုရီးယား သာသနာပြု ဝန်ခံ


တောင်ကိုရီးယား သာသနာပြု Kim Jung Wook ကို မြောက်ကိုရီးယားက လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၂၇၊ ၂၀၁၄)
တောင်ကိုရီးယား သာသနာပြု Kim Jung Wook ကို မြောက်ကိုရီးယားက လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၂၇၊ ၂၀၁၄)
မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကိုရီးယား ခရစ်ယာန် သာသနာပြု တစ်ဦးက အစိုးရရဲ့ ခိုင်းစေမှုနဲ့ မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ အကြောင်း ဒီကနေ့ ဝန်ခံပြောဆိုခဲ့ပါတယ်။ Kim Jung Wook ဟာ သာသနာ ပြန့်ပွားရေး ဆောင်ရွက်သူတွေ ကို ထောက်လှမ်းရေးတွေ အဖြစ် ယူဆထားတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ တတိယမြောက် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ ခရစ်ယာန် တရားဟော ဆရာ ဖြစ်ပါတယ်။ ပြုန်းရမ်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုတွင်း သူက ခုလို ဝန်ခံပြောသွားခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လက ခရစ်ယာန်ကျမ်းစာအုပ်တွေ၊ ဘာသာရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပြုန်းရမ်းမှာ ဖမ်းဆီးခံ ခဲ့ရတာ ဖြစ်ပါတယ်။သူဟာ တောင်ကိုရီးယား ထောက်လှမ်းရေးတွေဆီက
ငွေကြေးအထောက်အပံ့ ရယူပြီး မြောက်ကိုရီးယားအစိုးရကို ဖယ်ရှားပြီး နိုင်ငံရေးစနစ် ပြောင်းလဲလာအောင်၊ မြောက်ကိုရီးယားကို ဘာသာရေးကိုင်းရှိုင်းတဲ့ နိုင်ငံတခုဖြစ်လာအောင် ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံသွားခဲ့တာပါ။

တောင်ကိုရီးယားရဲ့ နှစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရသူ Kim Eui-do ကတော့ Kim Jung Wook ဟာ ဘာသာရေးသက်သက် လှုပ်ရှားဆောင်ရွက်သူလို့ ဆိုပြီး သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယား သူလျှိုတယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာမှ ဖမ်းဆီးထားသူဟာ အသက် ၅၀ အရွယ် Kim ဖြစ်တယ် ဆိုတာကို သေသေချာချာ သိခဲ့ရတာပါ။ သူ့အပေါ် သူလျှိုအဖြစ် စွပ်စွဲထားတဲ့ အပေါ်မှာ ကမ်ရဲ့ ဝန်ခံချက်နဲ့ ပတ်သက်လို့ တောင်ကိုရီးယား အစိုးရဘက်က ငြင်းချက်မထုတ်ခင်ကတည်းက သံသယတွေက ရှိနေတာပါ။

မြောက်ကိုရီးယား အစိုးရဟာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား အကျဉ်းသားတွေကို ဖန်တီးထားတဲ့ ဝန်ခံချက်တွေကို ဖတ်ပြ ဝန်ခံခိုင်းတာမျိုး မကြာခဏဆိုသလို လုပ်လေ့ရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။
XS
SM
MD
LG