သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဒဏ်ခတ်မှုမှာ မပါဖို့ တောင်ကိုရီးယားကို မြောက်ပိုင်း သတိပေး


မြောက်ကိုးရီးယား Nuclear ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ တောင်ကိုရီးယားပြည်သူများ
မြောက်ကိုးရီးယား Nuclear ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ တောင်ကိုရီးယားပြည်သူများ
တကယ်လို့ တောင်ကိုးရီးယားနိုင်ငံက မြောက်ကိုးရီးယားကို ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှု ဆိုင်ရာ သဘောတူညီချက် ချမှတ်တဲ့ လုပ်ငန်းမှာ တိုက်ရိုက်ပါဝင် ပါတ်သက်မှု ရှိမယ် ဆိုရင် မြောက်ကိုးရီးယား ကလည်း တောင်ကိုးရီးယားကို ပြင်းပြင်းထန်ထန် လက်တုံ့ ပြန်ဆောင်ရွက်ရလိမ့်မယ်လို့ သတိပေးပြောဆို လိုက်ပါတယ်။ အဲဒီ့ကုလအရေးယူ ဒဏ်ခတ်မှု ဟာ မြောက်ကိုးရီးယားအပေါ် စစ်ကြေညာတဲ့ သဘော သက်ရောက်တယ်လို့ မြောက်ကိုးရီးယား ငြိမ်းချမ်းရေး နဲ့ ပြန်လည်ပေါင်းစည်းရေး ကော်မီတီက သောကြာနေ့ က ထုတ်တဲ့ ကြေညာချက် မှာ ဖော်ပြလိုက်ပါတယ်။

ဒါတင်မက Nuclear လျော့ချထိမ်းချုပ်ရေးဆိုင်ရာ ဘယ်လိုစေ့စပ်ဆွေးနွေးမှုမျိူးကိုမဆို အဆုံးသတ်သွားစေလိမ့်မယ်လို့လည်း ကြေညာချက်က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြောက်ကိုးရီးယား ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှုဟာ Nuclear နဲ့ ဒုံးလက်နက်ဆိုင်ရာ လက်ရှိ တားမြစ်ချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့က တညီတညွတ်ထဲ ရှုံ့ချကန့်ကွက်လိုက်ပါတယ်။ ရှုံ့ချမှုအပြီး နောက်နေ့ ကြာသာပတေးနေ့ မှာ မြောက်ကိုးရီးယားက တတိယအကြိမ်မြောက် Nuclear စမ်းသပ်ချက်နဲ့ ဒုံးလက်နက် ပစ်လွှတ်မှုတွေကို ထပ်လုပ်မယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG