သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စမ်းသပ်မှု အသစ် မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးရီးယားခေါင်းဆောင် Kim Jong Un။
မြောက်ကိုရီးရီးယားခေါင်းဆောင် Kim Jong Un။

မြောက်ကိုရီးယားက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး ကုလသမဂ္ဂကော်မတီ တခုက ပြစ်တင် ရှုတ်ချထားတာ ကို တုန့်ပြန်တဲ့ အနေနဲ့ နျူကလီးယားစမ်းသပ်မှုအသစ် လုပ်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုလုပ်ဖို့ မြောက်ကိုရီးယားအနေနဲ့ ဆက်ပြီး ရှောင်မနေနိုင်တော့ဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီက ချမှတ်ပြီးတဲ့နောက် အဲဒီလိုထုတ်ပြန်တာပါ။

လူသားထုအပေါ် ကျူးလွန်တယ်လို့ဆိုတဲ့ ရာဇဝတ်မှုတွေ အတွက် မြောက်ကိုရီးယား ကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC မှာ စစ်ဆေးဖို့ တတိယကော်မတီ ဆုံးဖြတ်ချက်မှာ လုံခြုံရေးကောင်စီကို အကြံပြုထားပါတယ်။ ခေတ်သစ်ကမ္ဘာမှာ ဘယ်လိုမှကို သူမတူတဲ့ အတိုင်းအတာမျိုးနဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေ ကို မြောက်ကိုရီးယား က ကျူးလွန်တယ်ဆိုတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေး ရေးကော်မရှင် တခုရဲ့ တွေ့ရှိချက်တွေအပေါ် တတိယကော်မတီ ဆုံးဖြတ်ချက်ကို အခြေခံထားတာပါ။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ ဆိုးရွားတဲ့ လိမ်လည်ချက်တွေ၊ ဂုဏ်သိက္ခကျဆင်းအောင် လုပ်တဲ့ မှားယွင်းတဲ့စွပ်စွဲချက်တွေ နဲ့ ပြည့် နေပြီး နိုင်ငံရေးအရ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စု ဟာ မြောက်ကိုရီးယားကို အရှက်ရအောင်လုပ်ပြီး ခေါင်းဆောင်ပိုင်းကိုဖြုတ်ချဖို့ လုပ်တာတွေကို ဦးဆောင်နေတယ် လို့လည်း စွပ်စွဲထားပါတယ်။

XS
SM
MD
LG