သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားဒုံးစမ္းသပ္၊ ဂ်ပန္ ေတာင္ကိုရီးယားေဝဖန္


 ေျမာက္ကိုရီးယားက အျမင့္မိုင္ ၅၀၀ နီးပါး အကြာအေဝး မိုင္ ၃၀၀ နီးပါး ခရီးေရာက္တဲ့ ဒံုးက်ည္တစင္း စမ္းသပ္ပစ္လႊတ္လိုက္တဲ့သတင္းကို ေစာင့္ၾကည့္ေနၾကတဲ့ ေတာင္ကုိရီးယားႏုိင္ငံသားမ်ား။ (ေမ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ေျမာက္ကိုရီးယား အေဝးထိန္းမစ္ဆိုင္းဒံုးတခု ဒီေန႔ပစ္လႊတ္လိုက္တာကို ဂ်ပန္နဲ႔ေတာင္ကိုရီးယားက ေဝဖန္လိုက္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေျမာက္ကိုရီးယား အခုလုပ္ရပ္ဟာ လံုးဝကို လက္ခံႏိုင္စရာမရွိဘူးလို႔ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ေၾကာင္း ဂ်ပန္ Kyodo သတင္းဌာနမွာ ေဖာ္ျပလိုက္ပါတယ္။

ေတာင္ကိုရီးယား စစ္တပ္ကလည္း ေျမာက္ကိုရီးယား အခုလို ပစ္လႊတ္လိုက္တာက ကိုရီးယားကၽြန္းဆြယ္နဲ႔ ႏိုင္ငံတကာ ၿငိမ္းခ်မ္းတည္ၿငိမ္ေရးအေပၚ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈျဖစ္တယ္လို႔ ေၾကညာခ်က္ထုတ္ ေဝဖန္လိုက္ပါတယ္။ ေျမာက္ကိုရီးယားအေနနဲ႔ အခုတေခါက္ မစ္ဆိုင္းဒံုးပစ္လႊတ္မူကို ၿမိဳ.ေတာ္ ၿပဳံယမ္းနားက Sunan ၿမိဳ႕ႀကီးကေန လႊတ္တင္လိုက္တယ္လို႔လည္း ေတာင္ကိုရီးယားစစ္တပ္က ဆိုပါတယ္။

ဒါ့အျပင္ အခုလႊတ္တင္လိုက္တဲ့ ေနရာက မၾကာခင္တုန္းကလည္း မစ္ဆိုင္းအမ်ားအျပား လႊတ္တင္ခဲ့တဲ့ ေျမာက္ကိုရီးယားရဲ႕ အဓိက ႏိုင္ငံတကာေလဆိပ္ျဖစ္တယ္လို႔လည္း ေတာင္ကိုရီးယားတပ္ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီ မစ္ဆိုင္းဒံုးအေနနဲ႔ အျမင့္မိုင္ ၄၈၀ ေက်ာ္ကေန အကြာအေဝး မိုင္ေပါင္း ၃၀၀ နီးပါး အထိ ေရာက္ရွိခဲ့ၿပီး တာေဝးပစ္ မစ္ဆိုင္း ဟုတ္ပံုမရဘူးလို႔ ေတာင္ကိုရီးယား ပူးတြဲစစ္ေရးခ်ဳပ္မ်ားရံုး ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြောက်ကိုရီးယားဒုံးစမ်းသပ်၊ ဂျပန် တောင်ကိုရီးယားဝေဖန်

မြောက်ကိုရီးယား အဝေးထိန်းမစ်ဆိုင်းဒုံးတခု ဒီနေ့ပစ်လွှတ်လိုက်တာကို ဂျပန်နဲ့တောင်ကိုရီးယားက ဝေဖန်လိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က မြောက်ကိုရီးယား အခုလုပ်ရပ်ဟာ လုံးဝကို လက်ခံနိုင်စရာမရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း ဂျပန် Kyodo သတင်းဌာနမှာ ဖော်ပြလိုက်ပါတယ်။

တောင်ကိုရီးယား စစ်တပ်ကလည်း မြောက်ကိုရီးယား အခုလို ပစ်လွှတ်လိုက်တာက ကိုရီးယားကျွန်းဆွယ်နဲ့ နိုင်ငံတကာ ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ကြေညာချက်ထုတ် ဝေဖန်လိုက်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ အခုတခေါက် မစ်ဆိုင်းဒုံးပစ်လွှတ်မူကို မြို.တော် ပြုံယမ်းနားက Sunan မြို့ကြီးကနေ လွှတ်တင်လိုက်တယ်လို့လည်း တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။

ဒါ့အပြင် အခုလွှတ်တင်လိုက်တဲ့ နေရာက မကြာခင်တုန်းကလည်း မစ်ဆိုင်းအများအပြား လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အဓိက နိုင်ငံတကာလေဆိပ်ဖြစ်တယ်လို့လည်း တောင်ကိုရီးယားတပ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီ မစ်ဆိုင်းဒုံးအနေနဲ့ အမြင့်မိုင် ၄၈၀ ကျော်ကနေ အကွာအဝေး မိုင်ပေါင်း ၃၀၀ နီးပါး အထိ ရောက်ရှိခဲ့ပြီး တာဝေးပစ် မစ်ဆိုင်း ဟုတ်ပုံမရဘူးလို့ တောင်ကိုရီးယား ပူးတွဲစစ်ရေးချုပ်များရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ် ခင်ဗျာ။

=============

XS
SM
MD
LG