သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ဒုံးက်ည္စမ္းသပ္မႈ မေအာင္ျမင္


Korea Tensions


[[Zawgyi/Unicode]]

ေျမာက္ကိုရီးယားႏုိင္ငံက အမ်ိဳးအစားမသိရတဲ့ ဒုံးလက္နက္တမိ်ဳးကို ဒီကေန႔အေစာပိုင္း စမ္းသပ္ပစ္လြႊတ္ခဲ့ေပမယ့္ မေအာင္ျမင္ဘူးလို႔ ေတာင္ကိုရီးယား စစ္ဘက္ကေျပာပါတယ္။

ေလထဲမွာတင္ေပါက္ကြဲသြားတဲ့လက္နက္အပိုင္းအစေတြ ၿပဳံယမ္းၿမိဳ ႔အနီး က်ခဲ့တယ္လို႔လည္း ေျပာပါတယ္။ ၿပဳံယမ္းၿမိဳ႕အနီး Sunan ဧရိယာကေန အဲဒီလက္နက္ပစ္လႊတ္လုိက္ၿပီး ခ်က္ခ်င္းဆိုသလိုေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္ဘက္ကထုတ္ျပန္ခ်က္မွာေျပာထားပါတယ္။

Yonhap သတင္းဌာနကလည္း အဲဒီ ဒုံးလက္နက္ပစ္လႊတ္လိုက္ၿပီးသိပ္မၾကာခင္ ေလထဲမွာတင္ေပါက္ကြဲသြားပုံရတယ္လို႔ ေျပာပါတယ္။ ဆိုးလ္ၿမိဳ႕အေျခစိုက္ NK News သတင္းဌာနကလည္း ေျမာက္ကိုရီးယားကသတင္းရင္းျမစ္ကရတဲ့ ဓာတ္ပုံေတြအရ ၿမိဳ ႔ေတာ္ၿပဳံးယမ္းအနီးအတဝိုက္ ေပါက္ကြဲလက္နက္အပိုင္းအစေတြ က်လာတယ္လို႔ ေျပာပါတယ္။ ဘယ္လိုလက္နက္အမ်ိဳးအစားကို ေျမာက္ကိုရီးယားက စမ္းသပ္ဖို႔ ႀကိဳးစားတာလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမရွိပါဘူး။

အေစာပုိင္းတုန္းကလည္း ေျမာက္ကိုရီးယားက ပဲ့ထိန္းတပ္ဒုံးက်ည္ပစ္လႊတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္ဆိုၿပီး ဂ်ပန္သတင္းတရပ္မွာ ေဖာ္ျပပါတယ္။ အေမရိကန္စစ္ဘက္ကလည္း ဒုံးလက္နက္ စမ္းသပ္ပစ္လႊတ္မႈကို ျပစ္တင္ရႈတ္ခ်ၿပီး အေျခအေနမတည္မၿငိမ္ထပ္ျဖစ္မလာေအာင္ ထပ္မလုပ္ဖို႔ ေျမာက္ကိုရီးယားကို တုိက္တြန္းေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ဒုံးက်ည္ပစ္လႊတ္မႈ မေအာင္ျမင္တာကိုေတာ့ ေၾကညာခ်က္မွာ ေျပာမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု မအောင်မြင်

မြောက်ကိုရီးယားနိုင်ငံက အမျိုးအစားမသိရတဲ့ ဒုံးလက်နက်တမျိုးကို ဒီကနေ့အစောပိုင်း စမ်းသပ်ပစ်လွှတ်ခဲ့ပေမယ့် မအောင်မြင်ဘူးလို့ တောင်ကိုရီးယား စစ်ဘက်ကပြောပါတယ်။

လေထဲမှာတင်ပေါက်ကွဲသွားတဲ့လက်နက်အပိုင်းအစတွေ ပြုံယမ်းမြို့အနီး ကျခဲ့တယ်လို့လည်း ပြောပါတယ်။ ပြုံယမ်းမြို့အနီး Sunan ဧရိယာကနေ အဲဒီလက်နက်ပစ်လွှတ်လိုက်ပြီး ချက်ချင်းဆိုသလိုပေါက်ကွဲခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဘက်ကထုတ်ပြန်ချက်မှာပြောထားပါတယ်။

Yonhap သတင်းဌာနကလည်း အဲဒီ ဒုံးလက်နက်ပစ်လွှတ်လိုက်ပြီးသိပ်မကြာခင် လေထဲမှာတင်ပေါက်ကွဲသွားပုံရတယ်လို့ ပြောပါတယ်။ ဆိုးလ်မြို့အခြေစိုက် NK News သတင်းဌာနကလည်း မြောက်ကိုရီးယားကသတင်းရင်းမြစ်ကရတဲ့ ဓာတ်ပုံတွေအရ မြို့တော်ပြုံးယမ်းအနီးအတဝိုက် ပေါက်ကွဲလက်နက်အပိုင်းအစတွေ ကျလာတယ်လို့ ပြောပါတယ်။ ဘယ်လိုလက်နက်အမျိုးအစားကို မြောက်ကိုရီးယားက စမ်းသပ်ဖို့ ကြိုးစားတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

အစောပိုင်းတုန်းကလည်း မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီး ဂျပန်သတင်းတရပ်မှာ ဖော်ပြပါတယ်။ အမေရိကန်စစ်ဘက်ကလည်း ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှုကို ပြစ်တင်ရှုတ်ချပြီး အခြေအနေမတည်မငြိမ်ထပ်ဖြစ်မလာအောင် ထပ်မလုပ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်တာကိုတော့ ကြေညာချက်မှာ ပြောမထားပါဘူး။

============

XS
SM
MD
LG