သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေး ဗုံးခွဲသူ တရားရုံးထုတ်


နော်ဝေး ဗုံးခွဲသူ တရားရုံးထုတ်
နော်ဝေး ဗုံးခွဲသူ တရားရုံးထုတ်

နော်ဝေးနိုင်ငံမှာ သောကြာနေ့က ဗုံးခွဲမှုနဲ့ လူထုအတွင်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ ဝန်ခံထားသူကို ချုပ်နှောင်ခွင့် ကြားနာမှုကို ၃၅ မိနစ်ကြာ ပြုလုပ်ပြီး အဆုံးသတ်လိုက်ပါတယ်။

အစိုးရ ရှေ့နေတွေက အန်ဒါ ဘရက်ဗစ်ခ် (Anders Behring Breivik) ကို တရားရုံးတင် မစစ်ဆေးခင် သီတင်း ၈ ပတ် ချုပ်နှောင်ခွင့် လျှောက်ထားခဲ့ကြပါတယ်။

စောစောပိုင်း သူ့အမှုကို တံခါးပိတ် စစ်ဆေးမယ်လို့ တရားသူကြီးက ပြောပါတယ်။ အများပြည်သူနဲ့ သတင်းထောက်တွေကိုလည်း ပေးမဝင်ဘူးလို့ ဆိုပါတယ်။

ဘရက်ဗစ်ခ်က သူ့အနေနဲ့ ဘာကြောင့် အခုလို လုပ်ရတယ် ဆိုတာကို ရှင်းပြနိုင်ခွင့် ရအောင်လို့ အမှုကို ပွင့်ပွင့်လင်းလင်း စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

အော့စ်လိုမြို့က ဝန်ကြီးချုပ် ရုံးခန်းရှိရာ အဆောက်အဦးကို ဗုံးခွဲမှု၊ အိုတိုရီယာ လူငယ်စခန်းကို ပစ်ခတ်မှု စတာတွေ အပါအဝင် အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၉၃ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ နော်ဝေး ရဲတပ်ဖွဲ့ကတော့ အဲဒီအရေအတွက်ထက် လျော့နိုင်တယ်လို့ ပြောပါတယ်။

ဘရက်ဗစ်ခ်က သူကျူးလွန်ခဲ့တယ် ဆိုတာကို ဖြောင့်ချက်ပေးပေမဲ့ ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ဘူးလို့ ပြောဆိုကြောင်း သူ့ရဲ့ အကျိုးဆောင် ရှေ့နေက ပြောပါတယ်။

ဘရက်ဗစ်ခ် အနေနဲ့ သူလုပ်ခဲ့တဲ့ လုပ်ရပ်က ယုတ်မာ ရက်စက်ကြောင်း၊ ဒါပေမဲ့ နော်ဝေး လူမှုအသိုင်းအဝိုင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တခု အနေနဲ့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း သူ့ရှေ့နေက ပြောပါတယ်။

XS
SM
MD
LG