သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနာ္ေဝး တိုက္ခိုက္မႈ အၾကမ္းဖက္ဝါဒစဲြျဖစ္ႏိုင္ဟု ရဲတပ္ဖဲြ႕ယူဆ


[[ Zawgyi ]]

ေနာ္ေ၀ႏိုင္ငံ Kongsberg ၿမိဳ႕မွာ လူ ၅ ဦး ေသဆုံးခဲ့ရတဲ့ ေလး၊ ျမားလက္နက္နဲ႔ တိုက္ခိုက္မႈဟာ အၾကမ္းဖက္ဝါဒစဲြ လုပ္ရပ္ျဖစ္ပုံရေၾကာင္း ရဲတပ္ဖဲြ႕က ေျပာလိုက္ပါတယ္။

တိုက္ခိုက္မႈက်ဳးလြန္သူဟာ အသက္ ၃၇ ႏွစ္အရြယ္ အစၥလာမ္ဘာသာကို ကူးေျပာင္းထားသူ ဒိန္းမတ္ႏိုင္ငံသား တဦးျဖစ္ၿပီး၊ အစြန္းေရာက္ အယူဝါဒစဲြရွိသူအျဖစ္ ရဲတပ္ဖဲြ႕က ယူဆထားသူ ျဖစ္ေၾကာင္းလည္း ေဒသခံရဲတပ္ဖဲြ႕ အႀကီးအကဲ Ole Bredrup Saeverud က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

သူဟာ အခင္းျဖစ္ပြားရာ Kongsberg ၿမိဳ႕မွာ ေနထိုင္သူျဖစ္ၿပီး တိုက္ခိုက္မႈကို သူတဦးတည္းက က်ဳးလြန္ခဲ့တာျဖစ္ေၾကာင္း အာဏာပိုင္ေတြက ေျပာေပမဲ့ အမည္ကိုေတာ့ ထုတ္မေျပာပါဘူး။ တိုက္ခိုက္မႈ က်ဳးလြန္ေၾကာင္း ၀န္ခံထားၿပီး၊ စုံစမ္းစစ္ေဆးမႈကို ပူးေပါင္းေဆာင္ရြက္ေနေပမဲ့ အျပစ္ရွိေၾကာင္းေတာ့ ၀န္မခံေသးဘူးလို႔လည္း ေျပာပါတယ္။ ေနာ္ေ၀ ျပည္တြင္းလုံျခံဳေရးဌာနကေတာ့ စုံစမ္းစစ္ေဆးမႈေတြကေန ေနာက္ထပ္ အေသးစိတ္အခ်က္အလက္ေတြ ေပၚေပါက္လာမွာျဖစ္ၿပီး၊ တိုက္ခိုက္တဲ့ အေၾကာင္းရင္းကိုလည္း သိရလိမ့္မယ္လို႔ ေျပာပါတယ္။

ေအာ္စလိုၿမိဳ႕ေတာ္နဲ႔ ကီလိုမီတာ ၇၀ ေလာက္အကြာက လူဦးေရ ၂၆၀၀ ေလာက္ရွိတဲ့ ၿမိဳ႕ရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဗုဒၶဟူးေန႔က တိုက္ခိုက္မႈ ျဖစ္ခဲ့တာပါ။ တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖဲြ႕၀င္တဦး အပါအ၀င္ လူ ၂ ေယာက္ ဒဏ္ရာရခဲ့ေၾကာင္းလည္း ရဲတပ္ဖဲြ႕က ေျပာပါတယ္။ တိုက္ခိုက္မႈစတင္ျဖစ္ပြားၿပီး နာရီ၀က္ေလာက္ အၾကာမွာပဲ က်ဳးလြန္သူကို ဖမ္းမိခဲ့တာပါ။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေတာ့ တိုက္ခိုက္မႈအတြက္ ထိတ္လန္႔တုန္လႈပ္မိေၾကာင္း Twitter လူမႈကြန္ရက္ကေန ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

နော်ဝေး တိုက်ခိုက်မှု အကြမ်းဖက်ဝါဒစွဲဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ယူဆ

နော်ဝေနိုင်ငံ Kongsberg မြို့မှာ လူ ၅ ဦး သေဆုံးခဲ့ရတဲ့ လေး၊ မြားလက်နက်နဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်ဖြစ်ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

တိုက်ခိုက်မှုကျုးလွန်သူဟာ အသက် ၃၇ နှစ်အရွယ် အစ္စလာမ်ဘာသာကို ကူးပြောင်းထားသူ ဒိန်းမတ်နိုင်ငံသား တဦးဖြစ်ပြီး၊ အစွန်းရောက် အယူဝါဒစွဲရှိသူအဖြစ် ရဲတပ်ဖွဲ့က ယူဆထားသူ ဖြစ်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ Ole Bredrup Saeverud က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

သူဟာ အခင်းဖြစ်ပွားရာ Kongsberg မြို့မှာ နေထိုင်သူဖြစ်ပြီး တိုက်ခိုက်မှုကို သူတဦးတည်းက ကျုးလွန်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပေမဲ့ အမည်ကိုတော့ ထုတ်မပြောပါဘူး။ တိုက်ခိုက်မှု ကျုးလွန်ကြောင်း ဝန်ခံထားပြီး၊ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်နေပေမဲ့ အပြစ်ရှိကြောင်းတော့ ဝန်မခံသေးဘူးလို့လည်း ပြောပါတယ်။ နော်ေ၀ ပြည်တွင်းလုံခြုံရေးဌာနကတော့ စုံစမ်းစစ်ဆေးမှုတွေကနေ နောက်ထပ် အသေးစိတ်အချက်အလက်တွေ ပေါ်ပေါက်လာမှာဖြစ်ပြီး၊ တိုက်ခိုက်တဲ့ အကြောင်းရင်းကိုလည်း သိရလိမ့်မယ်လို့ ပြောပါတယ်။

အော်စလိုမြို့တော်နဲ့ ကီလိုမီတာ ၇၀ လောက်အကွာက လူဦးရေ ၂၆၀၀ လောက်ရှိတဲ့ မြို့ရဲ့ နေရာတော်တော်များများမှာ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် လူ ၂ ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုစတင်ဖြစ်ပွားပြီး နာရီဝက်လောက် အကြာမှာပဲ ကျုးလွန်သူကို ဖမ်းမိခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ တိုက်ခိုက်မှုအတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG