သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေအစိုးရအဆောက်အဦးများ ဗုံးခွဲခံရ


ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးတခုမှထွက်ပေါ်လာသည့် ပျက်စီးစများနှင့် မီးခိုးများကို တွေ့မြင်ရပုံ (ဇူလိုင်လ ၂၂၊ ၂၀၁၁)
ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးတခုမှထွက်ပေါ်လာသည့် ပျက်စီးစများနှင့် မီးခိုးများကို တွေ့မြင်ရပုံ (ဇူလိုင်လ ၂၂၊ ၂၀၁၁)

နော်ဝေနိုင်ငံ အော်စလို (Oslo) မြို့လယ် အစိုးရ ဗဟိုအဆောက်အဦးတွေဟာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရပြီး လူအတော်များများ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အစိုးရအဆောက်အဦးနားက ရေနံဝန်ကြီးဌာန အဆောက်အဦးဟာလည်း ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ၁၇ ထပ်ရှိတဲ့ အဆောက်အဦးရဲ့ ပြတင်းမှန်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကျေခဲ့ပါတယ်။

အစိုးရ ဗဟိုအဆောက်အဦးမှာ နော်ေ၀၀န်ကြီးချုပ် ယန်စ် စတိုလန်ဘာ့ဂ် (Jens Stoltenberg) ရဲ့ ရုံးခန်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့လယ်ခင်း ပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ် ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အနားတဝိုက် လူနေအိမ် အပါအဝင် နော်ဝေနိုင်ငံရဲ့ အကြီးဆုံးလူဖတ်များတဲ့ သတင်းစာ VG နဲ့ တခြား ရုံးအဆောက်အဦးတွေရဲ့ ပြတင်းပေါက်တွေ လွှင့်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကို ခုထက်ထိ မသိရသေးပေမဲ့ ပျက်စီးသွားတဲ့ ကားတစီးကို အဆောက်အဦးအပြင်ဖက်မှာ မြင်တွေ့ရတဲ့အတွက် ကားနဲ့ဗုံးခွဲတိုက်ခိုက်ခဲ့ပုံ ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ အစိုးရ အဆောက်အဦးထဲက ထွက်ပြေးလာသူတွေနဲ့ သယ်ထုတ်လာသူတွေကို သွေးအလိမ်းလိမ်းနဲ့ တွေ့မြင်ကြရတယ်လို့ ဆိုပါတယ်။ လူတွေ ကြောက်လန့်တကြား ထွက်ပြေးနေကြပြီး ရိုက်တာသတင်းထောက်ရဲ့ မျက်မြင်တွေ့ရှိချက်အရ အနည်းဆုံး လူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG