သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမှု ဖုံးကွယ်တာ နော်ဝေ မကြိုက်


နော်ဝေးဘုရင် Hareld နဲ့ မိဖရားကြီး Sonja တို့ မြန်မာနိုင်ငံ မန္တလေး ရောက်ခိုက် မန္တလေးမှာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်ကို အတင်းဖယ်ရှားပစ်ခဲ့တာနဲ့ ပတ်သက်လို့ နော်ဝေးနိုင်ငံခြားရေး ဌာနက မြန်မာအာဏာပိုင်တွေကို ကန့်ကွက်စာပေးပို့တယ် လို့ နော်ဝေးနိုင်ငံရဲ့ NRK ဆိုတဲ့ သတင်းတရပ် မှာ ဖော်ပြထားပါတယ်။ နော်ဝေးဘုရင်နဲ့ မိဘုရားဟာ ရေကြောင်းကနေ မန္တလေးကို ဒီကနေ့ သောကြာနေ့ ဆိုက်ရောက်မှာဖြစ်လို့၊ အဲဒီ ကမ်းနားတလျှောက် နေထိုင်တဲ့ ဆင်းရဲသား မိသားစုတွေကို အတင်းအကြပ် ဖယ်ရှားပစ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မှုကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ် လို့လည်း သတင်းမှာ ရေးသားပါတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဖြစ် တာကြောင့် ဒီအတွက် နော်ဝေးနိုင်ငံက အကူအညီတွေပေးဖို့ ကြိုးစားနေတယ်၊ ဒီလို ဆောင်ရွက်မှုဟာ နားလည်မှုလွဲတဲ့ လုပ်ဆောင်ချက်ဖြစ် တယ်လို့ နော်ဝေး လွှတ်တော် နိုင်ငံခြားရေးရာနဲ့ ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်တဦးက နော်ဝေး အသံလွှင့်ဌာနကို ပြောဆိုတယ်လို့လည်း ကိုကားရေးသားထားပါတယ်။

ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်လို့ရတဲ့အရာမဟုတ်တာကြောင့် အခု လုပ်ရပ်အပေါ် စိတ်ပျက်ရတယ်လို့လည်း နော်ဝေးနိုင်ငံခြားရေးဌာန အရာရှိတဦးရေးသားပြောဆို ချက်ကိုလည်း ကိုးကားရေးသားထားပါတယ်။

နော်ဝေဘုရင်နဲ့မိဖုရားဟာ အခု တနင်္လာန့က မြန်မာနိုင်ငံကို ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွ့ဆုံခဲ့သလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့လည်း လွှတ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို သွားရောက်ပြီး စိန်ရတု ခန်းမဆောင်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အခုတော့ မန္တလေးမြို့ကို သွားရောက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG