သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေးကမ်းလွန်မှာ ပင်လယ်ခရီးသည် ၁၃၀၀ ကယ်တင်ရေး ဆောင်ရွက်


နော်ဝေနိုင်ငံ အနောက်ဘက် ကမ်းလွန်ပင်လယ်မှာ လှိုင်းကြမ်းနေလို့ ဒုက္ခတွေ့နေတဲ့ ပင်လယ်ကူး ် Cruise သဘောၤကြီးပေါ်ကလူ ၁၃၀၀ လောက်ကို ကယ်တင်နိုင်ရေး အတွက် ကယ်ဆယ်ရေးလုပ်သားတွေ အပုူတပြင်းဆောင်ရွက်နေကြပါတယ်။

ပင်လယ်မှာ လေတိုက်နှုန်း ၁ နာရီ ၇၀ ကီလိုမီတာနှုန်းတိုက်နေပြီး ရေလှိုင်း ၈မီတာလောက်မြင့်တက်တဲ့ အခြေအနေကြုံနေရတဲ့ ကြားက ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတာပါ။ လေတွေထန်နေတဲ့ ကြားကပဲ ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းကနေ လူတွေကို ကယ်တင်ပေးနေပါတယ်။

ခရုဇ်သဘောၤကြီး Viking Sky ဟာ မနေ့ စနေနေ့ နေ့လည်ပိုင်းက အင်ဂျင်စက် ပြသနာပေါ်ခဲ့ပြီးနောက် သင်္ဘောကပ္ပတိန်က အရေးပေါ်ကယ်တင်ဖို့အကြောင်းကြားခဲ့တာပါ။ သင်္ဘော အင်ဂျင် ၄လုံးထဲက ၃လုံးပြန်လည် လည်ပတ်နိုင်ခဲ့ပြီးတဲ့နောက် တွန်းသင်္ဘောအကူအညီနဲ့ တဖြည်းဖြည်းချင်းကမ်းကပ်ဖို့ ကြိုးစားနေပါတယ်။

တချိန်ထဲမှာပဲ ခရီးသည်တွေကို ဘေးလွတ်ရာရောက်အောင် ကူညီကယ်ထုတ်ပေးနေဆဲလည်း ဖြစ်ပါတယ်။ ခရီးသည် အများစုက ဗြိတိန်နဲ့ အမေရိကန်လူမျိုးတွေဖြစ်ကြပါတယ်။

နော်ဝေးကမ်းလွန်မှာ ပင်လယ်ခရီးသည် ၁၃၀၀ ကယ်တင်ရေး ဆောင်ရွက်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG